ဓာတ်လှေကားအတွင်း အမှောင်ကျစေရန်
မီးခလုတ်ကို ဆွဲချပြီးနောက် mina တစ်ယောက် cctv များ အလုပ်မလုပ်စေရန် အားလုံးကို ပိတ်ချထားလိုက်သည်။
_ _ _
" ဟင် ! cctv တွေက ဘာလို့ အလုပ် မလုပ်
တာလဲ . . "
mr.min မှာ jiji တို့အခန်းတွင်းသို့ကြည့်ရန်
cctv ကို ဖွင့်လိုက်သော်လည်း cctv မှာ ဘာမှ
ပေါ်မလာခဲ့ပါ ။ ထို့ကြောင့် တစ်ခြားအခန်းနှင့် လျှောက်လမ်းများမှ cctv များဘက်သို့ ထပ်မံ ရွှေ့ပြောင်းကြည့်လိုက်တော့လည်း ဘာဆိုဘာမှ ပေါ်မလာဘဲ cctv မှာ ပိတ်မြဲအတိုင်းဖြစ်သည်။
_ _ _
" သေချာလုပ်လိုက်တယ် မဟုတ်လား ! "
အခန်းထဲသို့ လျင်မြန်စွာ ပြေးဝင်လာသည့်
wonwon ကို mina က စိတ်လှုပ်ရှားခြင်းများစွာ
ဖြင့် အလောတကြီး မေးလိုက်လေသည်။
wonwon က တပ်ထားသည့် မက်စ်ကိုချွတ်ရင်း
အသက်ပြင်းပြင်း တစ်ချက်ရှူကာ
" ဒီလိုလုပ်လို့ အဆင်ပြေမယ်ထင်လို့လား . . .
Jiji ထွက်ပြေးတော့ သူ့ကိုပြန်ဆွဲခေါ်ပြီး ဓာတ်လှေကားထဲ ပစ်ထည့်လိုက်တာ အရှိန်
အရမ်း ပြင်းသွားတယ်ထင်တယ် . . ငါ ဒါမျိုး
တစ်ခါမှ မလုပ်ဖူးဘူး . . ဒါက ရာဇဝတ်မှုကြီးကို ကျူးလွန်နေရသလိုပဲ mina . . . "
" အဆင်ပြေပါတယ် . . park jiji သေတော့ မသေသေးပါဘူး . . အခု mr.min က
park jiji ဘယ်ရောက်နေတယ်ဆိုတာ
သတိထားမိဖို့ပဲ လိုတော့တယ် . . "
mina က ပြောနေရင်းနဲ့ပဲ မီးခလုတ်တွေထဲကမှ အကြီးဆုံး မိန်းမီးခလုတ်ကို ဆွဲချပစ်လိုက်သည်။
' ဂျိန်း ! . . '
_ _ _
" ကျစ် ! . . cctv ပြန်ပြင်ရဦးမလား မသိဘူး "
mr.min တစ်ယောက် စိတ်မရှည်စွာနဲ့ပဲ ငြီးငြူရင်း cctv ဖွင့်သည့် ရီမုကို ဆိုဖာပေါ် ပြစ်တင်
လိုက်ရင်း လူကပါ ထိုင်ချကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
' ဂျိန်း ! . . '
ရုတ်တရက် အခန်းတစ်ခန်းလုံး မီးအမှောင်ကျ
သွားတာကြောင့် mr.min လည်း ကြောင်အန်းအန်း ဖြစ်ရင်း ထိုင်ခုံမှ ပြန်ထလိုက်သည်။
" ဘာဖြစ်တာလဲ ! ဘာလို့ မီးကပျက်သွားတာလဲ ! . . ထူးဆန်းနေပါလား . . cctv တွေလည်း
ဖွင့်လို့မရ၊ အခု မီးပါ ပျက်သွားပြီ . . ဘာလို့
ဒီလိုတွေ ဖြစ်နေတာလဲ . . "
