အပိုင်း ( ၃ )

268 41 0
                                        

" ဟယ် .. ဒီလို ပြောတာတော့ လွန်လွန်းပါတယ် ...  "

" အေးလေဟယ် .. ဒိုင်လူကြီးဆိုပေမယ့်လည်း
ပြိုင်ပွဲဝင်တစ်ယောက်ကို ဒီလိုမပြောသင့်ပါဘူး "

" ဒါပေမယ့် jiji က kookie ဘက်ကနေ
ဝင်ပြောပေးသွားတယ်နော် ..  "

" သူတို့က အခန်းဖော်တွေတဲ့လေ "

ဆေးရုံကောင်တာရှိ နာ့စ်မလေးများက သူတို့
ဖုန်းကို ကြည့်ပြီး တီးတိုးစကားပြောဆိုနေကြ
သည်ကို အနားရောက်လာသည့် tae က
မသိမသာ ကပ်နားထောင်နေသည်။

"  အင်း ... အခန်းဖော်ဆိုတော့လည်း ပြောပေး
မှာပေါ့ .. ဘာပဲဖြစ်ဖြစ် jiji က hero ပဲ ငါတော့သူ့ကိုပဲ အားပေးတော့မယ် "

" ဟုတ်တယ်နော် ဟီးဟီး  "

Jiji ကိုပဲ အားပေးတော့မယ်လို့ ပြောသံ
ကြားတာကြောင့် tae နှုတ်ခမ်းမှာ အပြုံးလေးက
တွဲခိုသွားလေသည်။ tae ရဲ့ အချစ်ဦး ၊ တိတ်တခိုး ချစ်နေရသူလေး jiji က အခုဆိုရင်
ပရိသတ်တွေတောင် ရနေပါပေါ့လား။jiji ရဲ့ အောင်မြင်မှုအတွက် ဝမ်းသာရပါတယ်လေ။

" အဟင်း ဟင်း "

" သြော် ! ဒေါက်တာ kim "

tae ရဲ့ ချောင်းဟန့်သံကြောင့် ဖုန်းကို စုပြုံကြည့်
နေကြသည့် နာ့စ်မလေးများက ချက်ချင်းလူခွဲပြီး
နေလိုက်ကြသည်။ tae ကလည်း မျက်နှာတည်နဲ့နေပြီး

" ဘာတွေကြည့်နေကြတာလဲ .. အလုပ်ချိန်မှာ
အလုပ်မလုပ်ဘဲ ဖုန်းကြည့်နေကြတယ်ပေါ့ "

" သြော် ! ဒေါက်တာ kim .. ဒေါက်တာ gue
ကို ပြန်မတိုင်ပါနဲ့နော် ၊ ကျွန်မတို့ နောက်တခါ
ဖုန်းမကြည့်တော့ပါဘူး "

" ဟုတ်ပါတယ် ကတိပေးပါတယ် "

" MBT က ဒီဇိုင်နာပြိုင်ပွဲက အရမ်းစိတ်ဝင်စားဖို့
ကောင်းလို့ပါ .. အဲ့ဒါကြောင့် ကြည့်နေတာ "

နာ့စ်မလေးတွေက အသည်းအသန် တောင်းပန်
နေကြတော့ လက်ထောက်ဆရာဝန် kim tae
hyung တောင် နည်းနည်းမာန်တက်ချင်သွား
သည်။ လက်ထောက်ဆရာဝန် အဖြစ်တောင်
ဒီလောက် အရိုအသေခံနေရရင် ခွဲစိတ်ပါရဂူများ
ဖြစ်လိုက်လ်ို့ကတော့ ဟင်းဟင်းဟင်း ။

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now