" သြော် ... ကြားရတာ နားဝင်ချိုလို့ထင်တယ်
ကျွန်မက mr.min ရဲ့ ချစ်သူ ဖြစ်ချင်တာပါလို့ "မိန်းကလေးတန်မဲ့ အရှက်မရှိ ချစ်သူဖြစ်ချင်တာ
လို့ ဖွင့်ပြောလာသည့် jiji ကို mr.min
ဘယ်လို စကားနဲ့ တုန့်ပြန်ရမလဲ။ သူကလည်း
mr.min ဘာပြန်ပြောပြော ဖြုံတာမဟုတ်။
မျက်နှာတည်နဲ့ ခပ်အေးအေးဆိုက် ဖမ်းနေတာ။
ဒါပေမယ့် mr.min က ဒင်းထင်သလောက်
မလွယ်ဘူးဆိုတာ ပြရသေးတာပေါ့။Jiji ကို စကားတစ်ခွန်းထဲနဲ့ နောက်ပြန်လှည့်
သွားစေမယ့် စကားလုံးမျိုးကို ရွေးပြီး ပြောဖို့
ဟန်ပြင်လိုက်စဉ် အခန်းရှေ့မှာ မတ်တပ်လာ
ရပ်သည့် ပုံရိပ်တစ်ခုကြောင့် mr.min ရဲ့
ပြောမည့်စကားတွေ ပါးစပ်မှ ထွက်မကျလာ
တော့ဘဲ ထိုသူကို ကြည့်လိုက်မိသည်။အခန်းရှေ့မှာ မတ်တပ်ရပ်ပြီး mr.min နဲ့
Jiji ကို စူးစမ်းသလို ကြည့်နေတာဟာ
mina ဖြစ်နေတာကြောင့် jiji ကိုပြောမည့်
mr.min ရဲ့ စကားလုံးတွေကို ချက်ချင်း
ပြောင်းလဲပြစ်လိုက်ရသည်။mr.min jiji ရဲ့ ပုခုံးနှစ်ဘက်ကို ဆုတ်ကိုင်
ပြီး တည်ငြိမ်သည့် မျက်နှာထားနှင့်ကြည့်ကာ" ငါလည်း မင်းကို အရမ်းချစ်တာပေါ့ jiji ...
ငါတို့ နောက်နေ့မနက် တစ်နေရာရာကို လျှောက်လည်ကြမလား "mr.min ရဲ့ ထူးဆန်းသည့်အပြုအမူကြောင့်
Jiji စိတ်ထဲ တစ်ခုခု မူမမှန်တာကို သတိထားမိပြီး နောက်ကို လှည့်ကြည့်လိုက်သည်။ သေချာပါသည်၊
အခန်းတံခါးရှေ့မှာ မတ်တပ်ရပ်နေတာ mina ဖြစ်နေတာကိုး။
Jiji ချက်ချင်း သဘောပေါက်ပြီး mr.min ကို မျက်နှာတည်နဲ့ လှည့်ကြည့်ကာ" သိပ်အပြောင်းအလဲ မြန်တယ်နော် mr.min
ခုနကပဲ ကျွန်မကို အခန်းထဲက ထွက်သွားဖို့
မောင်းထုတ်နေခဲ့တာလေ "" အခု မောင်းမထုတ်ပါဘူး .. ဘာလို့လဲဆိုတော့ ငါ မင်းကို ချစ်တာကိုး .. "
mr.min က ဟန်ဆောင်ကောင်းလွန်းစွာ
Jiji ရဲ့ ပါးပြင်နှစ်ဘက်ကို လက်နဲ့တယုတယ
ထိကိုင်ပြီး ပြောနေပါသည်။ ဒါကို jiji က
mr.min ရဲ့ လက်နှစ်ဘက်ကို ချက်ချင်း
ဖယ်ထုတ်ပြီး" mr.min နဲ့ ရန်ဖြစ်ထားတဲ့ လူမသိ သူမသိ
ရည်းစားရှေ့မှာ ကျွန်မကို လာပြီး ဟန်ဆောင်
မချစ်ပြနဲ့ .. ကျွန်မအဲ့လောက်ထိ အပေါစား
မဆန်ဘူး mr.min .. "
![](https://img.wattpad.com/cover/226473195-288-k941643.jpg)