အပိုင်း ( ၇ )

254 34 0
                                    

" TV မှာ mr.bang ရဲ့ လက်ထပ်ပွဲအခန်းအနားလာနေတာ .. မင်းက ဘာလို့ mr.bang ရဲ့ မျက်နှာကို စားစရာတွေနဲ့ ပစ်ပေါက်ခဲ့တာလဲ. "

ဟင် . . . ။ ဒုက္ခပဲ . . Jiji ဘယ်လိုပြန်ဖြေရ
မလဲ။ mr.min က အချိန်ပြည့် စောင့်ကြည့်နေ
တတ်တာကို တစ်ခဏတာ မေ့လျော့ပြီးတော့
လုပ်ချင်ရာ လုပ်လိုက်မိတယ် ။ ငါဘယ်လိုမျိုး အကြောင်းပြချက် ကောင်းကောင်းပေးသင့်လဲ။

Jiji က သူ့ကိုသေချာစိုက်ကြည့်နေသည့်
mr.min ကို အရဲစွန့်ကာ ပြန်ကြည့်ရင်း

" mr.min . . . Jiji ကို တကယ် စိတ်ဝင်စားနေတာပဲ . . "

" ဘာ ! . . ဘာပြောတယ် ! . . "

" ဟုတ်တယ်လေ ၊ jiji က TV ကို စားစရာ
တွေနဲ့ ပစ်ပေါက်တယ်ဆိုတာ mr.min က
Jiji ကို အမြဲစောင့်ကြည့်နေလို့ သိတာပေါ့ . .
Jiji က mr.min ကြည့်နေလား ၊ မကြည့်ဘူးလားဆိုတာကို သိချင်လို့ တမင် လုပ်ခဲ့တာ ၊
mr.min နဲ့ mr.bang နဲ့က အရင်းနှီးဆုံး
မိတ်ဆွေတွေလေ . . အဲ့ဒါကြောင့် jiji က
mr.bang ကို မုန်းသလိုလို ဟန်ဆောင်ပြီး
စားစရာတွေနဲ့ ပစ်ပေါက်ခဲ့တာပေါ့ ၊ mr.min က mr.bang ကို အဲ့လိုလုပ်တာမြင်ရင် ဒီတိုင်း ငြိမ်နေမယ့် သူမျိုးမှမဟုတ်တာ ၊
ဟုတ်တယ်မှတ်လား ၊ အဲ့ဒါကြောင့် jiji ကို အခုလိုမျိုး နှစ်ယောက်ထဲတွေ့ပြီး မေးတာပေါ့ ၊ ဘာလဲ . . Jiji ကို မမြင်ရရင် မနေနိုင်ဖြစ်နေလို့လား . . ဟုတ်လား mr.min "

Jiji က mr.min မျက်နှာကို အနီးကပ်ကြည့်ပြီး ပြောနေတော့ mr.min က မျက်နှာချင်းမဆိုင်ရဲသလို မျက်နှာလွှဲသွားပြီး

" ဘာတွေလာပြောနေတာလဲ . . park jiji မင်း ပြန်ဖို့သင့်ပြီ . . ပြန်တော့ "

" မပြန်ပါဘူး "

Jiji  မပြန်ဘူးဆိုတော့ mr.min က မျက်မှောင်ကျုံ့ကာ စိုက်ကြည့်လိုက်ပြီး

" မင်းကို ငါ ပြန်ဖို့ပြောနေတယ်လေ ! မင်း ခုထိ ငါ့ စကား နားမထောင်နိုင်သေးဘူးလား  "

" mr.min ရဲ့ စကားကို နားထောင်စေချင်ရင်
Jiji ကို ချစ်သူဖြစ်ခွင့်ပေးလေ . . Jiji က
ကိုယ့်ချစ်သူရဲ့ စကားကိုပဲ နားထောင်ချင်တာ  "

" ပြန်တော့ . . ပြန်တော့ ၊ မြန်မြန်ပြန်တော့ "

mr.min က jiji ရဲ့ ပုခုံးနှစ်ဘက်ကို နောက်မှ
ဆုပ်ကိုင်ပြီး jiji ရဲ့ ကိုယ်လုံးသေးသေးလေးကို နောက်မှ ရှေ့သို့ တွန်းထုတ်ကာ အခန်းထဲမှအပြင်ကို အတင်းထွက်သွားခိုင်းတော့သည်။
Jiji လည်း အပြင်ကိုရောက်ရော mr.min က
တံခါးကို ခပ်မြန်မြန် ဆွဲပိတ်ပြီး သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now