အပိုင်း ( ၁၄ )

236 21 0
                                        

" သူ့ကို ဒီအတိုင်း ကြာကြာလွှတ်ထားလို့တော့
မဖြစ်ဘူး . . ကြာရင် သူဒုက္ခရောက်လိမ့်မယ်
ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ . . Jiji က
mr.min နဲ့ အရမ်းကို ရင်းနှီးတဲ့အဆင့်ထိ
ရောက်နေပြီ ၊ ခုချိန်မှာ သူတို့ကို ခွဲရင်လည်း
Jiji က အရင်လို အပျိုဘဝကို ပြန်ရမှာမဟုတ်တော့ဘူး . . ဘယ်လိုလုပ်ရမလဲ . . အဲ့ဒီကောင်မလေးကတော့ အမစကားကို
တော်တော်နားထောင်တာပဲ . . သူ့ကိုတွေ့ရင်
အသေပါသတ်ပစ်မိမှာ . . "

ထမင်းစားခန်းထဲမှာ ထိုင်ပြီး ထမင်းမစားနိုင်ဘဲ အပူသောကစိတ် လွှမ်းမိုးနေသည့် holy ကို jack က ပုခုံးလေးပုတ်ကာ နှစ်သိမ့်ပေးသည် ။

" အဲ့လောက်ထိလည်း စိတ်ပူမနေပါနဲ့ ဟန်နီ . . သူလည်း ကလေးမှမဟုတ်တော့တာ သူ့ဘဝသူ ဆုံးဖြတ်ရွေးချယ်နိုင်မှာပါ . . ပြီးတော့ mr.min ဆိုတာ တစ်ခြားလူမှ မဟုတ်တာ ဟန်နီရဲ့ ဆရာပဲလေ . . mr.min က ဘာလိုအပ်ချက်မှမရှိဘဲ အရာရာပြီးပြည့်စုံတဲ့ လူတစ်ယောက် . .ဒါကို ဟန်နီက ဘာများ လက်မခံနိုင်ဖြစ်နေတာလဲ . . "

" mr.min မို့လို့ကို လက်မခံနိုင်တာ ! "

holy အသံက နည်းနည်းကျယ်သွားတော့
jack က မျက်ခုံးပင့်ရင်း အကဲခတ်သလိုကြည့်နေသည် ။ holy ကလည်း သူ့စကားသူ ပြန်ပြီး မလုံမလဲဖြစ်ကာ မျက်နှာလွှဲလိုက်ရင်း

" နာမည်ကြီး ချမ်းသာပေမယ့် အကျင့်စာရိတ္တမကောင်းတဲ့ သူနဲ့ ကျွန်မရဲ့ jiji ကို လုံးဝခွင့်မပြုနိုင်ဘူး . . "

" ဟန်နီ . . "

jack ရဲ့ အေးဆေးတည်ငြိမ်သည့် ခေါ်သံကြောင့် holy က မဝံ့မရဲ မော့ကြည့်ပါသည် ။

" ဟန်နီနဲ့ mr.min ကြားမှာ ဘယ်လိုပြဿနာ
ရှိခဲ့လို့လဲ ၊ ဟန်နီ MBT က နှုတ်ထွက်လာတယ်ဆိုကတည်းက ပြဿနာတစ်ခုခု ရှိလို့ဆိုတာသေချာတယ် . . ဒါပေမယ့် ဟန်နီ ကိုယ့်ကို အဲ့ဒါတွေ လုံးဝ မပြောပြခဲ့ဘူးနော် . . ကိုယ်က ဟန်နီ တစ်နေ့နေ့တော့ ဖွင့်ပြောလာမှာဆိုပြီး တွေးရင်း ဖြေသိမ့်ခဲ့တယ် ၊ အဲ့ဒါ ဒီနေ့ထိပဲ . . ဟန်နီ ကိုယ့်ကို ဖွင့်ပြောပြဖို့ အခုထိ စိတ်ကူး မရှိသေးဘူးလားဟင် . . "

တောင်းပန်တိုးလျှိုးသည့် မျက်နှာအမူအယာနဲ့ပြောနေသည့် jack ကိုကြည့်ကာ holy လည်း ဖြေးဖြေးချင်း ခေါင်းငုံ့သွားသည် ။ holy ရဲ့ မျက်နှာအမူအယာကို ကြည့်တာနဲ့ jack ကြားချင်နေသည့် အကြောင်းအရာကို လုံးဝ မပြောပြနိုင်သေးဘူးဆိုတာ သေချာနေပါသည်။

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now