အပိုင်း ( ၁၂ )

298 27 2
                                    

" တော်တော်တိုက်ဆိုင်တာပဲနော် . . "

wonwon ရဲ့ စကားကို အတည်ပေါက်နဲ့နောက်
တယ်ထင်ပြီး jiso နဲ့ sandy က သဘောကျစွာ
ရယ်မောနေပေမယ့် mina ကတော့ jiji နဲ့
mr.min ကို တစ်လှည့်ဆီစိုက်ကြည့်ကာ
အမျက်ဒေါသဖြစ်နေသည့် အမူအယာက
သိသာလွန်းပါသည်။

မနေ့ညနေက mr.min ရဲ့ အခန်းထဲဝင်သွားပြီး ညမိုးချုပ်တဲ့အထိ ပြန်ထွက်မလာတာကို
cctv ကနေ တစ်ချိန်လုံးစောင့်ကြည့်နေသည့် mina က mr.min နဲ့ jiji တို့နှစ်ယောက်
အခန်းထဲမှာ ဘာတွေလုပ်နေမယ်ဆိုတာကို
စိတ်ကူးကြည့်ရုံနဲ့တင် လူသတ်ချင်လောက်
အောင် ဒေါသတွေထွက်နေမိသည်။

အခုလည်း သူတို့နှစ်ယောက်ရဲ့ တစ်နေရာဆီ
နာကျင်ပုံတွေရယ် ၊ ရေချိုးခန်းထဲ ချော်လဲတယ်လို့ ဖြေတဲ့ပုံတွေရယ်က mina စိတ်ထဲ ထင်နေတာကို အမှန်တကယ်ပါလို့ ပြောနေသည့်ပုံနှင့် တူလှပေသည်။

mr.min . . mr.min . . ရှင့်ကို မခုတ်တတ်တဲ့
ကြောင်ကြီးလို့ ထင်ထားခဲ့တာ . . အခုတော့
ကြောင်သူတော် ကြွက်သူခိုးဖြစ်နေပါလား ။
ကျွန်မဘက်က မိန်းမတန်မဲ့ အရှက်မရှိ
သွေးဆောင်ဖြာယောင်းခဲ့တာတောင်မှ လုံးဝ
တုပ်တုပ်မလှုပ်ခဲ့တဲ့ ရှင့်လိုလူမျိုးက အခုတော့ park jiji ဆိုတဲ့ ဘာမဟုတ်တဲ့ ကလေးမတစ်ယောက်ကို တမ်းတမ်းစွဲကြီးဖြစ်နေပါလား။
ပြီးတော့ . . .
တစ်ညလုံး အတူတူရှိ . . .
အို ! . . ဘာမှ မတွေးချင်တော့ပါဘူး ။
ဆက်တွေးနေရင် ဒေါသမီးနဲ့တင် အနားက
အရာဝတ္ထုတွေ အကုန်လုံး ပြာကျသွားလောက်တယ် ။

" ကိုယ် မင်းအတွက် ဂုဏ်ယူပါတယ် park jiji. . မင်းက MBT မှာ အလိုရှိနေတဲ့
ဒီဇိုင်နာတစ်ယောက်ပဲ ၊ မင်းရဲ့အရည်အချင်းက
ဘာတွေလဲဆိုတာကို ဒီနေ့ထုတ်ပြလိုက်တာပဲ ၊
သိပ်ကိုတော်ပါတယ် . . မင်းက top 3 ထဲကို
ပါမယ်ဆိုတာ ကျိန်းသေပေါက်ပြောနိုင်တယ်
ဆက်ပြီးကြိုးစားပါ . . "

" ဟုတ်ကဲ့ပါ mr.min . . "

Jiji ကို ပြုံးပြနေသည့် mr.min ရဲ့ အပြုံးတွေ
က အရမ်းအရမ်းကို ကြည်လင်တောက်ပပြီး
ရွှင်မြူးနေသည့် အမူအယာက သိသိသာသာ
ပေါ်လွင်နေသည်။
ဒီလိုအပြုံးကို mina တစ်သက်မှာ တစ်ခါတောင်
မတွေ့ခဲ့ရဖူးပါဘူး . . .
mr.min . . ရှင် တကယ်ရူးနေပြီပဲ . . .
ရှင် park jiji ကို တကယ် အရူးအမူး
ဖြစ်နေပြီပဲပေါ့ . . . ။
ရှင့်ကို ဒီလိုဖြစ်အောင် park jiji က
ဘယ်လိုများ စည်းရုံးသိမ်းသွင်းခဲ့သလဲဟင် ။

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now