အပိုင်း ( ၁၆ )

176 19 1
                                    

ဖုန်းဆက်သည့်လူက တကယ်ပဲ mr.min
ဖြစ်နေတာကြောင့် holy တအံ့တသြနဲ့ ပါးစပ်
အဟောင်းသားဖြစ်ကာ ခဏတာမျှ တိတ်ဆိတ်နေမိသည် ။
ဒီလူဘာကြောင့် ဖုန်းဆက်တာလဲ . . 

"  ငါကတော့ မင်းအသံကို မမှတ်မိခဲ့ဘူး . . ကလေးရဲ့ အမအဖြစ် ဖုန်းပြောခဲ့ဖူးတာတောင်မှ လုံးဝကို သတိမထားမိခဲ့တာ . . ငါတကယ်ကို ညံ့တဲ့လူပဲ . . . "

mr.min ဘက်က စကားဆက်ပြောနေပေမယ့် holy ကတော့ ချက်ချင်းဘာမှပြန်မပြောနိုင်ဘဲ ဘေးမှာ အိပ်မောကျနေသည့် jack ကို
တစ်ချက်လှည့်ကြည့်ကာ ကုတင်ပေါ်မှ အမြန်
ဆင်းပြီး ရေချိုးခန်းထဲသို့ ဝင်သွားပြီး တံခါးကို ဂျက်ချထားလိုက်သည် ။

" ကလေးရဲ့ အမနာမည်က holy ဆိုကတည်းက မင်းသမီး jung holy များ ဖြစ်နေမလားလို့ မတွေးခဲ့မိတာ ငါအရမ်းမှားသွားတယ် . . "

" ရှင် ! မဟုတ်မှလွဲရော ! . . "

" ဟုတ်တယ် . . ကလေးက ငါ့ကိုပြောပြီးပြီ
မင်းသမီး jung holy ဆိုတာ သူ့အမပဲတဲ့ . .
သြော် sorry . . park jiji လို့ပြောတာ
မင်းနဲ့ jiji က အမေတူ အဖေကွဲ ညီအမ ဟုတ်တယ်နော် . . "

" ဘာလို့ ကျွန်မကို ဖုန်းဆက်တာလဲ ! "

" စိတ်အေးအေးထားမှပေါ့ . . ဘာလို့ အလော
တကြီးပြောနေတာလဲ . . "

" ရှင်နဲ့ ဖုန်းပြောနေရကတည်းက ကျွန်မ လုံးဝ မအေးဆေးနိုင်တော့ဘူး mr.min . . ဘာလို့ ဖုန်းဆက်တာလဲ ပြောစမ်းပါ ! . . "

holy ခမြာ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ
mr.min ကို ကြိတ်အော်နေမိသည် ။ အသံက
အရမ်းကျယ်သွားရင်လဲ jack နိုးသွားမှာ
စိုးရိမ်ရသည် ။
အခုချိန် jiji လဲ mr.min ရဲ့ အိပ်ခန်းက
ကုတင်ပေါ်မှာ အိပ်ပျော်နေလောက်ရောပေါ့ ။

" ငါ အစက နားမလည်နိုင်ခဲ့ဘူး ၊ ဘာလို့
Jiji ရဲ့ အမက ငါ့လို သူဌေးနဲ့ သဘောမတူ
နိုင်တာလဲလို့ပေါ့ . . အခုမှပဲ နားလည်တော့
တယ် . . မင်းက MBT က နှုတ်ထွက်သွားတဲ့
မင်းသမီး jung holy  ဖြစ်နေတာကိုး . . "

" ဟုတ်တယ် ! . . ကျွန်မက ရှင်နဲ့ mr.bang
မကောင်းကြံတာ ခံခဲ့ရတဲ့ မင်းသမီး jung
holy ပဲ . . ကျွန်မက ဘာလို့ jiji နဲ့ ရှင့်ကို
သဘောတူပေးရမှာလဲ ! Jiji လို ရိုးသားပြီး
ဖြူစင်တဲ့ ဘာဆိုဘာမှ နားမလည်သေးတဲ့
ကလေးနဲ့ . . ရှင့်လို ညစ်ပတ်ပြီး မကောင်းကြံ
တတ်တဲ့ လူယုတ်မာကို လုံးဝ လုံးဝ သဘော
မတူနိုင်ဘူး ! . . "

ကလေးကြောင့်ချစ်တတ်ပြီ(completed)Where stories live. Discover now