Ep-1

23.8K 1.2K 33
                                    

Unicode;

"မင်းကြီး ကြွလာပြီ"

ခမ်းနားတဲ့ ရွှေနန်းတော်ကြီးအလည် တည်ငြိမ်မာကြောလှတဲ့ အော်သံကြားတာနဲ့ အကုန် ငြိမ်သက်သွားကြလေတော့သည်။ ဤသည်က ဂျိုဆန်းခေတ်... သက္ကရာဇ် ၁၃၉၂ ခုနှစ် အစပိုင်း..။ Taejo ဘုရင်လက်ထက်တွင်ဖြစ်သည်။ မင်းကြီးကြွလာတာကြောင့် မိဘုရားတွေ နန်းတွင်းသူ နန်းတွင်းသားများ အားလုံး ငြိမ်သက်ကုန်ကြသည်။ မင်ကြီး ပုလ္လင်ထက် ထိုင်လိုက်တာနဲ့

"မင်းကြီး အသက်ရာကျော် ရှည်ပါစေ"
"ကိုယ်တော် ဒီနေ့ မင်းညီလာခံ လုပ်ရတာကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က အိမ်ရှေ့မင်းသားဘဝနဲ့ ချစ်ကြိုက်ဖူးတဲ့ ကချေသည်မလေးဆီမှာ ကိုယ်တော့် သွေးသား ရှိတယ်ကြားလို့ သူခေါ်ချင်လို့ပဲ"

မင်းကြီး စကားကြောင့် မိဖုရားခေါင်ကြီး မျက်နှာ သိသိသာသာ ပျက်သွားလေတော့သည်။ မိဖုရားခေါင်ကြီးနဲ့ အပေါင်းအပါ ဖြစ်တဲ့ အမတ်ကြီးတွေကလည်း

"မသင့်တော်ကြောင်းပါ.. မင်းကြီးမှာ ထီးနန်းဆက်ခံမယ့် ကလေးမရှိတာလည်း မဟုတ်ပဲနဲ့ အိမ်ရှေ့စံမင်းသားလေးလည်း ရှိနေတာကို"
"ဒါဆို ငါက ငါ့သွေးသားကို နန်းပြင်မှာ သေသေကြေကြေ ပစ်ထားရမှာလား"

မင်းကြီးရဲ့ ခက်ထန်တဲ့ အသံကြောင့် ဘယ်အမတ်မှ အတွန့်မတက်ရဲတော့ပဲ လက်ခံလိုက်ရသည်။ .........။

"Jungkook ရေ မြန်မြန်လာ Hyung ပြောတဲ့ လိမ္မော်ရောင် ငါးလေးတွေ"

Jungkook လက်ကိုဆွဲပြီး ပြေးနေတဲ့ Yoongi နောက်ကို Jungkook အသာတကြည်လိုက်မိသည်။ ဆူညံ့နေတဲ့ ဆောင်ကြာမြိုင် အနောက်ခြမ်းက တဲအိမ်ထဲ အခန်းတွင်းအောင်းနေရတာထက် စာရင် Yoongi နဲ့ ဆော့ရတာ တော်သေးတယ် မဟုတ်လား။ Yoongi နဲ့ Jungkook ငါးလေးတွေ အတူကြည့်နေစဉ် အခန်းရှေ့ Jungkook အမေနဲ့ Yoongi အမေ အတူပြန်လာကြသည်။

"ဝါး မေမေတို့ပြန်လာပြီ"

အမေတို့ဆီကို ပြေးသွားတဲ့ Yoongi Hyung နောက်ကိုပဲ ပြေးလိုက်ခဲ့သည်။ Yoongi ရဲ့ အမေမျက်နှာက ဖြူဖပ်နေသလို နေမကောင်းလို။ မွေးကတည်းက အမေ့မျက်နှာ တခုပဲ ကြည့်ပြီး အသက်ရှင်လာခဲ့ရတာမို့ Jungkook အမေကလည်း မျက်နှာပျက်နေတာ Jungkook ရိပ်မိလိုက်သည်။ အသက် ငါးနှစ်နဲ့ မလိုက်အောင် အမေရဲ့ သွေးအေးတဲ့ ဆက်ဆံမှုတွေ ခံခဲ့ရတာကြောင့်လာတော့ မသိ။ Jungkook အမေက တည်ကြည်တဲ့ အသံဖြင့်

The Imperial FakeWhere stories live. Discover now