Ep-20

5.3K 843 31
                                        

Unicode;

"မင်း ဒီညလည်း ရောက်လာတာလား"

အမှောင်ရိပ်ထဲက လူသားကို မင်းကြီး စကားလှမ်းပြောလိုက်တော့ Yoongi တစ်ယောက် အမှောင်ထဲက ထွက်လာသည်။

"Jungkook နဲ့ စကားပြောပြီးပါပြီလား မင်းကြီး"
"တောင်းပန်ပါတယ်... အဖေ တစ်ယောက်ဖြစ်ပြီး အသုံးမကျပဲ သူများပြောသမျှ အယုံလွယ်ခဲ့မိလို့"

Yoongi စိတ်မကောင်းဖြစ်မိသည်။ တကယ်ဆို မင်းကြီး အပြစ်မှ မဟုတ်တာ Jeon သားအမိ အပြစ်မဟုတ်လား..။ Yoongi လည်း မင်းကြီး အနား ကပ်သွားထိုင်လိုက်ပြီး

"အနည်းဆုံးတော့ ကျွန်တော့်ကို ယုံပေးတယ် မဟုတ်လား တောင်းပန်စရာ မလိုပါဘူး"
"မင်းအမေနဲ့ ကောင်းကင်မှာ ပြန်တွေ့တဲ့အခါ သူ့သားကို ပစ်ထားရက်လေခြင်းဆိုပြီး ငါ့ကို စိတ်ဆိုးနေလေမလား"

နန်းဆောင်ရဲ့ ပြတင်းပေါက် သေးသေးလေးကနေ ကြယ်တွေကို လှမ်းကြည့်နေတဲ့ မင်းကြီး စကားကြောင့် Yoongi လည်း

"အဲ့လို စကားမျိုး မပြောပါနဲ့ အရှင်မင်းကြီးက ကောင်းကင်ပေါ် မသွားရသေးပါဘူး"
"ငါက ဘာလို့ Jungkook ကို ထီးနန်း မြန်မြန်လွဲပေးဖို့ ကြိုးစားနေတာလဲ မသိဘူးလား.. ငါ့ကျန်းမာရေး အကြောင်း ငါ အသိဆုံးမို့"

ဘာဆက်ပြောရမှန်း မသိတာကြောင့် Yoongi ငြိမ်နားထောင်နေမိသည်။ မင်းကြီးက Yoongi လက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်ပြီး

"ငါမသေခင် ရောက်လာပေးလို့ ကျေးဇူးပဲ.. မဟုတ်ရင် မင်းအမေကို ငါ မျက်နှာပြဝံ့မှာ မဟုတ်ဘူး"
"မင်းကြီး အဲ့လို မတွေးပါနဲ့ အမေက နားလည်ပေးမှာပါ"
"နောက်တစ်ပတ် ထီးနန်းလွှဲအပ်ပွဲကျ မင်းလာရမယ် မင်းကို ငါ ထီးနန်းပေးခဲ့မယ်"
"ကျွန်တော် ထီးနန်းလိုချင်လို့ ပေါ်လာတာ မဟုတ်ပါဘူး ဒီတိုင်း တိုင်းပြည်ကို တော်ဝင်သွေးမပါတဲ့ လူ လက်ထဲ မရှိစေချင်လို့ပါ"

မင်းကြီးက ခေါင်းခါရင်း

"မဟုတ်ဘူး.. လောလောဆယ် ငါ့မှာ မင်းကလွဲရင် ယုံကြည်စရာမရှိဘူး.. Namjoon မင်းသားက ယုံကြည်ရပေမယ့် ယောကျ်ားချင်း လက်ဆက်ထားသူ.. Soobin မင်းသားကကျ ငယ်ပြီး မရင့်ကျက်သေးတာမို့ အပျော်အပါးပဲ စိတ်ဝင်စားနေတာ.. ပြီးတော့ Jungkook.. ငါ ယုံကြည်ခဲ့ပေမယ့် မင်းပြောသလို တော်ဝင်သွေး မပါတဲ့သူ မဟုတ်လား.. တစ်ခုတော့ ရှိတယ် Park မိန်းကလေး.. Park မိန်းကလေးနဲ့ လက်ဆက်တဲ့သူသာလျှင် ဘုရင်ဖြစ်မယ်ဆိုတဲ့ ရှေ့ဖြစ်ဟောကြောင့် ငါ တော်တော် တွေဝေ နေမိတယ်"

The Imperial FakeOpowieści tętniące życiem. Odkryj je teraz