Ep-23

5K 813 41
                                    

Unicode;

"ငါ့သားကို ခေါ်ပေး.. ငါ့သားက ဘုရင်ပဲ .. မင်းတို့ ငါ့ကို ဒီလို ချုပ်နောင်ထားတာ သေဒဏ်ပေးလို့ရတယ် သိလား"

Jeon မိဖုရားရဲ့ အော်သံစူးစူးကြောင့် အကျဉ်းထောင်ရဲ့ ကောက်ရိုးခင်းထားတဲ့ ကြမ်းပြင်ထက် အိပ်ပျော်နေတဲ့ Jungkook နိူးသွားသည်။

"ဘာတွေ ပြောနေတာပါသလဲ ခင်ဗျားက မိဖုရား မဟုတ်တော့ဘူးဆိုတာ မေ့နေပြီလား"

အစောင့်တစ်ယောက်ရဲ့ ပြန်ဆွဲခေါ်မှုနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ Jeon မိဖုရား ကို Jungkook ငေးကြည့်နေမိရုံမှ တပါး ဘာမှ မတတ်နိုင်။ အစောင့်ကိုပဲ လှမ်းမေးလိုက်သည်။

"ဘယ်လိုဖြစ်လို့လဲ"
"မနက်စာလာပေးတာကို ထွက်ပြေးဖို့ ကြိုးစားနေတာလို့ပါ"
"မင်းက ဘာလဲ.. ဘယ်လို မျိုးရိုးနိမ့်က မိဖုရားတစ်ယောက်ကို မော့ကြည့်ရဲရတာလဲ"

Jeon မိဖုရား စကားကြောင့် Jungkook ကြောင်သွားသည်။ Jeon မိဖုရားကို ဆွဲခေါ်နေတဲ့ အစောင့်က

"အဲ့တာ ခင်ဗျားသားလေ ဘာ တွေပြောနေတာပါသလဲ"
"ဘာ!! ငါ့သားက အိမ်ရှေ့စံ ငါက ဘုရင်ရဲ့ မိခင်ပဲ မင်းကများ အရာရာ အစစ အကျဉ်းထောင်ထဲက မျိုးရိုးနိမ့်ကိုများ ငါ့သားလို့ ပြောရတာလဲ Jungkook ကို အမြန်ခေါ်ပေးစမ်း မင်းကို သေဒဏ်ပေးခိုင်းရမယ်"

Jungkook တစ်ယောက်လုံး ဘေးနား အကျဉ်းထောင်ထဲ ထိုင်နေတာကို Jungkook ကို ခေါ်ပေးစမ်း ဆိုတော့ Jungkook စိတ်ထဲ နည်းနည်းတော့ လန့်သွားသည်။ ဘယ်လိုပင် မုန်းခဲ့ပါစေ ကိုယ့်ကို မွေးထုတ်ထားတဲ့ မိခင် မဟုတ်လား။

"အမေ ဘယ်လိုဖြစ်နေတာလဲ"
"ဘာ အမေလဲ မင်းလို မျိုးရိုးနိမ့်က ငါ့ကို အမေခေါ်စရာလား ငါ့သား Jungkook က ဘုရင် ဟဲ့ ဘုရင် ငါ့ကို ထီးနန်းလွှဲပေးပြီး နန်းတော်ထဲက ထွက်သွားတော့မှာ ငါ ထီးနန်းလွှဲအပ်ပွဲ အမြန် ကျင်းပရမယ် ဒါမှ မကြာခင်ငါ ဘုရင်မ ဖြစ်တော့မှာ"

အစောင့်နဲ့ Jungkook တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်မိသည်။ အစောင့်က ထွက်ပြေးဖို့ ရုန်းနေတဲ့ Jeon မိဖုရားကို အကျဉ်းထောင်ထဲ ပြန်ထည့်လိုက်ပြီး Jungkook ကို

The Imperial FakeDonde viven las historias. Descúbrelo ahora