Ep-2

6.6K 995 75
                                    

Unicode;

"Park Jiyeon ဒါက ဘယ်က ပြန်လာတာလဲ"

အဖေဖြစ်သူရဲ့ အော်သံကြောင့် Jimin သက်ပြင်းကြိတ်ချကာ ဟန်ဆောင်ပြုံးရင်း

"မောင်လေးရဲ့ အခန်းဘက်က ပြန်လာတာပါ"
"ဟင် ဒါဆို မနက်က အပြင်သွားတာ သမီးမဟုတ်ဘူးလား"

Jimin ခေါင်းကုတ်ရင်းနဲ့

"ဟို ဘယ်ကသာ Jimin နေမှာ သမီးတောင် အခု သူ့အခန်းဘက်က ပြန်လာတာ အခန်းထဲ သူမရှိဘူး"

Jimin စကားကြောင့် အဖေဖြစ်သူက စဉ်းစားသလို ခဏ ငြိမ်ပြီး

"ဒါပေမယ့် မီးဖိုဆောင်က လူတွေကတော့ သမီးကို တွေ့တယ်လို့ ပြောတာ.. သူတို့ကလည်း ဘယ်လောက်ပဲ အမွှာဖြစ်ဖြစ် မိန်းကလေးနဲ့ ယောကျ်ားလေးတောင် မခွဲနိုင်ကြဘူးလား မသိဘူး... ထားပါ သမီး မဟုတ်ရင် ပြီးရော Jimin က ယောကျ်ားလေးမို့ အပြင်ထွက်တာရတယ် သမီးက မိန်းကလေးမို့ အပြင်လည်ဖို့ မတွေးနဲ့ သွားတော့ အခန်းထဲ"
"ဟုတ်ကဲ့ ဖေဖေ"

အခန်းဆောင်ထဲ ရောက်မှ Jimin သက်ပြင်းချမိသည်။ အပေါ်ရုံဝတ်ထားတဲ့ အမျိုးသမီးဝတ် Hanbok ကို ခွါချလိုက်သည်။

"အာ.. တကယ်ပါပဲ ဘယ်ဘဝက အကုသိုလ်တွေကြောင့် ဒီလို အစ်မနဲ့ မောင်နှမ လာတော်နေလဲ မသိဘူး သူ့ကိစ္စတွေ အကုန်လိုက်ရှင်းနေရတယ် ငါကအကြီးလား သူကအကြီးလားတောင် မသဲကွဲတော့ဘူး ဟူး.."

အိပ်ရာထက် လှဲလှောင်းပြီး မျက်စိမှတ်ထားမိသည်။ သူ့ရဲ့ အမွှာအစ်မ Park Jiyeon အကြောင်းတွေးလိုက်ရင် ဝဋါကြွေးလို့ပဲ စဉ်းစားမိသည်။ အထက်တန်းလွှာ အမတ်မိသားစုမှ မွေးဖွားလာတာမို့ Jimin ဘဝက ဘာအခက်အခဲမှ မရှိပဲ ရိုးစင်းဖြောင့်မတ်စွာ ကြီးပြင်းလာခဲ့ရသည်။ ဒါပေမယ့် သူ့အစ်မ Jiyeon ကတော့ သူ့အတွက် မနိုင်ဝန်တစ်ခုလိုပင်။ ယောကျ်ားလေးပေမယ့် စစ်ရေး စိတ်မဝင်စားပဲ စွာတာလေးကလွဲရင် အနေအထိုင်သိမ်မွေ့ပြီး ရုပ်ရည် ချောမောတာကြောင့် အိမ်တော်တိုင်းက တက်မက်နေတဲ့ သမက်မျိုးပင်။ အစ်မ ဖြစ်သူ Jiyeon ကတော့ သူနဲ့ ဆန့်ကျင်ဘက် စစ်ရေးဓါးရေး မှာ ကျွမ်းကျင်ပြီး မြို့ပြင်ထွက်ကာ တစ်မြို့လုံးက မရှိဆင်းရဲသားတွေက အမြဲကူညီဝေငှသူ အလှကျက်သရေနဲ့ ပြည့်စုံပေမယ့် မြို့ထဲမှာ မသမာတာ တွေ့ရင် ဝင်ဝင် ဆော်တတ်တဲ့ အကျင့်ကြောင့် အဖေဖြစ်သူက အိမ်ထဲ အကျယ်ချုပ်ပင် ချထားခဲ့ရသူ ဖြစ်သည်။ နီးစပ်ရာ ဆွေမျိုးတွေက အမေဖြစ်သူကို သားနဲ့ သမီး မှားမွေးသလား လို့ပင် စ ကြလေသည်။ အခုလည်း မြို့ပြင်က ဆင်းရဲသားတွေကို မြို့စားမင်းက အခွန်ကောက်တယ် ကြား၍ သွားရောက် ကူညီပြန်သည်။ ရုပ်ချင်းခွဲမရအောင် တူတဲ့ Jimin ကို အကူညီတောင်းကာ ထွက်သွားတော့သည်။ မရှိဆင်းရဲသားတွေကို ကူညီတဲ့ ကိစ္စ ဖြစ်လို့သာ Jimin မှာ မငြင်းသာပဲ မိန်းကလေး ဟန်ဆောင်ကာ နေနေရသည်။ 'ဒုန်း' ဆိုတဲ့ အသံနဲ့အတူ အဆောင် ပြတင်းပေါက်မှ ခုန်ဝင်လာတဲ့ အစ်မဖြစ်သူကြောင့် Jimin စိတ်ဆိုးသလို မျက်စောင်းထိုး၍

The Imperial FakeWhere stories live. Discover now