Unicode;
"Jung.. Jungkook"
သူ့ကို မြင်တော့ လန့်သွားသလို တုန်တုန်ယင်ယင် နာမည်ရွတ်လာတဲ့ Jimin ကြောင့် Jungkook အသဲယားမိသည်။ သို့ပေမယ့် သိပ်မကြာခင်ကမှ မြင်ထားတဲ့ မြင်ကွင်းကြောင့် Jungkook စိတ်ထိန်းကာ အသံမာမာဖြင့်
"မင်းက ဒီကို ဘာလာလုပ်တာလဲ"
"ဗျာ.. ဟိုဟာ.. အဲ့ဒါ"
"ငါ့အိမ်ထဲက ထွက်သွား"Jungkook အော်ပြောလိုက်တဲ့ စကားကြောင့် Jimin တစ်ယောက် ချက်ခြင်း မျက်ရည်ဝဲတက်လာသည်။ Jimin ရဲ့ ငိုမဲ့မဲ့ အနေအထားကြောင့် Jungkook လည်း အော်ပြီးမှ စိတ်မကောင်း ဖြစ်မိသည်။
"အဟမ်း.. ငါပြောချင်တာ"
"ကျွန်တော်က အမတ်တစ်ယောက်ရဲ့သားပါ ပြီးတော့ ခင်ဗျားကလည်း အရင်လို အိမ်ရှေ့စံ တစ်ယောက် မဟုတ်တော့ဘူး.. ခင်ဗျား အခြေအနေနဲ့ ကျွန်တော့်လို အထက်တန်းလွှာက လူကို အမိန့်ပေးစရာ အကြောင်းမရှိဘူး"Jungkook သက်ပြင်းချလိုက်မိသည်။ Jimin က ကျလာတဲ့ မျက်ရည်တို့ကို ခပ်ကြမ်းကြမ်း သုတ်ပစ်ရင်း
"ကိုယ့်အခြေအနေ ကိုယ်နားလည်ပြီး ကျွန်တော့်ကို သခင်လေး တစ်ယောက်လို ဆက်ဆံသင့်တယ်"
Jimin စိတ်ဆိုးသွားမှန်း ရိပ်မိတာကြောင့် Jungkook လည်း ဘာမှဆက်မပြောတော့ပဲ
"ကောင်းပါပြီ သခင်လေးနဲ့ မဆိုင်တဲ့ နေရာမို့ ဒီလို နိမ့်ကျတဲ့ နေရာကို မလာရင် ကောင်းမယ်"
Jimin ထွက်ပြေးသွားတာမို့ Jungkook ပါ ငုတ်တုတ်ထိုင်မိသည်။
"ကျွန်တော်က အဲ့လို သဘောမျိုးနဲ့ အော်တာမဟုတ်ဘူး"
"စိတ်မပူပါနဲ့ ငါတို့ မင်းသမီးလေးက စိတ်ထားကောင်းတာမို့ မင်းကို နားလည်ပေးမှာပါ"အမေဖြစ်သူ စကားကြောင့် Jungkook ပြုံးမိသွားသည်။ ဟုတ်တယ်.. မင်းက စိတ်ထားကောင်းတဲ့ ကလေးမို့ ကိုယ့်ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ် Jimin ရေ..။
"ဟဲ့.. ဟဲ့ ဘယ်လို ဖြစ်လာတာလဲ"
အိမ်တော် တံခါးကို ဝုန်းခနဲ စောင့်ပိတ်ကာ ဧည့်သည်တွေကို ဂရုမစိုက်သလို သူ့အိပ်ဆောင်ဘက်သူ ဝင်သွားတာမို့ ဧည့်ဆောင်မှာ ထိုင်နေတဲ့ မြို့စားမင်း မိသားစုနဲ့ Park လင်မယားပါ လန့်သွားကြသည်။ Park အမတ်လည်း မြို့စားမင်းလင်မယားကို အားနာတာကြောင့်
YOU ARE READING
The Imperial Fake
Fanfiction(Unicode + Zawgyi) Unicode ; ပန်းအတုက ပန်းအစစ်နဲ့ တူရင် လူတွေဆီက လှတယ်လို့ ချီးကျူးခံရတတ်တယ်... ပန်းအစစ်က ပန်းအတုနဲ့ တူရင်လည်း လူတွေက လှတယ်ဆို ချီးကျူးကြပြန်တယ်... ဒါဆို အလှစစ်ကို ပိုင်ဆိုင်ထားတာ အစစ်ကလား အတုကလား...။ Zawgyi; န်းအတုက ပန်းအစစ်နဲ့ တူရင...