Ep-5

6.1K 938 50
                                        

Unicode;

"ဟူး.. အခုမှပဲ လွတ်လပ်တော့တယ်"

အထိန်းတော် ထွက်သွားမှ Jimin ပုဝါဖယ်ကာ နန်းဆောင် တံခါးကို သေချာ ထပိတ်လိုက်သည်။ ရင်ဘတ်ထဲ ထူစေရန် ထည့်ထားတဲ့ အဝတ်စတွေကို ထုတ်လိုက်ကာ အနီရောင် သတို့သမီးဝတ်စုံကို ချွတ်ချလိုက်သည်။ အောက်ခံ အဖြူရောင် လက်ရှည်နဲ့ အဖြူရောင် ဘောင်းဘီရှည်သာ ကျန်ခဲ့သည်။ အိပ်ရာထက် ခန္ဓာကိုယ်ကို ပစ်လှဲချလိုက်မိသည်။

"မိန်းကလေးတွေ ဘာလို့ မင်္ဂလာဆောင်ရင် ဒီခေါင်းပေါင်း အလေးကြီးတွေ ဆောင်းကြတာလဲ မသိဘူး.. အား.. ဇက်ညောင်းလို့ သေတော့မယ်"

အိပ်ရာအထက် ပစ်လှဲရင်း အသံပဲကြားလိုက်ရတဲ့ Jeon မင်းသားနဲ့ Choi မင်းသား အကြောင်းတွေးမိသည်။ သူစိမ်းနယ်မြေထဲ အသိမရှိပဲ ရောက်နေတာမို့ ကြောက်လို့ ပုဝါအောက် ကြိတ်ငိုနေပါတယ်ဆို ငမူးမင်းသား ပုဝါလာမ ဖို့ ကြိုးစားနေသေးလို့ တွေးလိုက်မိတာနဲ့ Jeon မင်းသားကို ကျေးဇူးတင်လိုက်မိသည်။ တော်သေး.. သူကယ်ပေလို့..။ ဒါနဲ့ အစ်မလည်း အဆင်ပြေရဲ့လား မသိဘူး...။ အစ်မ ဖြစ်သူ အကြောင်းတွေးလိုက်တာနဲ့ Jimin သက်ပြင်းချမိသည်။

"Wuri Noona ပျော်အောင်နေရမယ်နော်.."

နန်းဆောင်မျက်နှာကြက်ကို ကြည့်ပြီး တစ်ယောက်ထဲ ရေရွတ်မိသည်။ မနက်ဖြန်မှာ ဘာဆက်ဖြစ်မလဲ မသေချာပေမယ့် လောလောဆယ် တစ်ရက်တော့ စိတ်ချရသွားပြီမလား။ နောက်ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲ မသိပေမယ့် ဒီနေ့ညတော့ ကောင်းကောင်း အနားယူလိုက်ချင်သည်။

"ဒုန်း.. ဒုန်း.. ဒုန်း"

ရုတ်တရပ် နန်းဆောင် တံခါးကို တဒုန်းဒုန်း လာထုတဲ့ အသံကြောင့် Jimin လန့်သွားသည်။

"ဒုန်း.. ဒုန်း. ဒုန်း.."

နောက်တစ်ခေါက် ထပ်ထုလာတာကြောင့် သတို့သမီး ဝတ်စုံကြီး ပြန်ကောက်ဆွဲ ဝတ်လိုက်ရင်း

"ဘယ်သူပါသလဲ"
"Park မိန်းကလေး.. တံခါးလာဖွင့်ပေးပါ"

Jimin လန့်သွားသည်။ ရင်ဘတ်နေရာ ထည့်တဲ့ အဝတ်စတွေကလည်း ခုနာက သူဖြည်ထားတာမို့ တစ်စဆီ ကြမ်းပြင်မှာ ကျဲလို့နေသည်။ ကောက်စည်းဖို့ရန်လည်း အချိန် မရတော့တာမို့ ထိုအစတွေကို အိပ်ရာအောက် ပစ်သိမ်းလိုက်သည်။ သတို့သမီး အင်္ကျီရင်ဘတ်ကို ခပ်ဖွဖွလေး ကြိုးချည်လိုက်ပြီး တံခါး ထဖွင့်ပေးလိုက်သည်။ မြင်လိုက်ရတဲ့ သူကြောင့် အံ့ဩသွားသည်။ ဒါ... ဆောင်ကြာမြိုင်ထဲ ချောင်းနေတဲ့ နှာဗူး အရူးကြီး..။ ဝတ်ထားတဲ့ သတို့သား ဝတ်စုံကြောင့် ပိုအံ့ဩရသည်။ ဒါဆို.. သူက.. ။

The Imperial FakeDove le storie prendono vita. Scoprilo ora