Ep-30 (End)

11.1K 1K 211
                                    

Unicode:;

"အဆင်ပြေရဲ့လား"

Jimin အမေးကို Jungkook ခေါင်းသာ ငြိမ့်ပြလိုက်တာ စိတ်ထဲတော့ အဆင်မပြေ။ Jimin မိဘတွေက တွေ့ချင်လို့ပါဆိုတာကြောင့် Jeon မိဖုရားကို ဘေးအိမ်က အပျိုကြီးဆီ ခဏ အပ်ခဲ့ပြီး လိုက်သာလာခဲ့ရတာ စိတ်ထဲ နည်းနည်းတော့ ကြောက်သလို ခံစားရသည်။ ရင်တုန်ပြီး ကြောက်နေသလို ချွေးတောင်စို့လာသည်။ Jimin လည်း ရိပ်မိတဲ့ ပုံပါပဲ။ Jungkook လက်ကို ဆုပ်ကိုင်လက်

"ဘာမှ မစိုးရိမ်ပါနဲ့.. Jungkook ကို တစ်ယောက်ယောက်က ထိခိုက်မယ့် စကား တစ်ခုခု ပြောလာရင် ကျွန်တော် အိမ်ပေါ်က ဆင်းပလိုက်မှာ"

Jimin စကားအဆုံးမှာ Jungkook ရော Jimin ရော အတူ ရယ်လိုက်မိသည်။

"အဟမ်း"

Park အမတ်နဲ့ Park အမတ်ကတော်က ချောင်းဟန့်သံနဲ့အတူ အိမ်မဆောင်ကြီးထဲ ဝင်လာတာမို့ Jungkook ထပြီး ဂါရဝ ပေးလိုက်သည်။ Yoongi ရော Jiyeon ပါ မကြာဘူး ရောက်လာသည်။ Jimin က Jiyeon ကို မေးငေါ့ပြရင်း

"နန်းတော်ထဲ မပြန်သေးဘူးလား"
"မပြန်ရသေးဘူး.. နင့်ကိစ္စကြောင့်"

Jiyeon က အဖေနဲ့ အမေဘက် မျက်စပစ်ပြပြီး ပြောလိုက်တဲ့ အဖြေကို Jimin မျက်စောင်းထိုးလိုက်ပြီး အဖေနဲ့ အမေ ဘက် လှည့်ကာ

"လက်ဆက်ဖို့ ကိစ္စပြောမှာဆို မြန်မြန် ပြောလိုက်ပါ.. ကျွန်တော့် Jungkook နေရကြပ်နေပြီ.. မျက်လုံးစိမ်းကြီးတွေနဲ့ ငုတ်တုတ်ထိုင်ကြည့်နေတာ အလကား အချိန်လည်း ကုန်တယ်.. ကျွန်တော့် Jungkook က အားတာ မဟုတ်ဘူး ခဏနေ လယ်ထဲ သွားရဦးမှာ"
"အချိန်ရပါရဲ့လား မောင်ရင်"

Jimin စကားကြောင့် ထင်ပါရဲ့ Park အမတ်က Jungkook ဘက် လှည့်မေးလေသည်။ Jungkook လည်း ပြာပြာယာယာဖြင့်

"ဟုတ်.. ဟုတ်.. ရပါတယ်"
"Jungkook ကတော့ အားနာပြီး ရတယ်ပဲ ပြောမှာပေါ့"

အော်... ဒီကလေးနဲ့ သူ့ကြောင့် ပိုအားနာနေရတာကို မမြင်ဘူး တွေးရင်း Jungkook လည်း Jimin လက်ကို လှမ်းကိုင်လိုက်သည်။ Park အမတ်ကြီးက

"ကောင်းပြီ.. လိုတိုရှင်းပဲ ပြောမယ် လုံးဝ သဘောမတူနိုင်ဘူး..."
"အဖေ"

Jimin အော်သံကို Park အမတ်က ဂရုမစိုက်သလို ဟန်ဖြင့် စကားဆက်ပြောလေသည်။

The Imperial FakeOnde histórias criam vida. Descubra agora