2

1.8K 170 2
                                    

Uni

​ရှောင်းကျန့် ကြည့်မိသည့်​ယောင်ကိုင်း​နေတဲ့မျက်နှာနဲ့ ရဲသားလေးကိုကြည့်မိသည်။
ခပ်​​ရေး​ရေးနှုတ်ခမ်း​မွှေး​တွေက​တော့မရိတ်တာ ၃ ရက်​တော့ရှိ​လောကိပြီ။
​အိမ်မက်ထဲ၌ပင်​​ယောင်ယမ်းကာ ရဲ​ဘော်ရဲဖက်ကိုတ​နေ​သော ​ရဲသား​လေး။ ​
ချောမောသည့်မျက်နှာ​လေးနဲ့မှမလိုက်ဖက် ဒဏ်ရာ​တွေ အပြည့် နှင့်မျက်ခုံး​ထောင့်က ထင်း​နေတဲ့အနာရွတ်။
ဝမ်းဗိုက်နှင့်​​ခြေ​ထောက်ဆီက ​သေနတ်ဒဏ်ရာ။
ဒီထက်အနည်းငယ်သာ​နောက်ကျခဲ့လျှင်လှိုက်စားမှု​ကြောင့် လမ်း​လျောက်နိုင်ရန်ပင်ခက်ခဲလိမ့်မည်ဆိုဒီရဲသား​လေး၏ ​ပေးဆပ်မှု​တွေက အတိုင်းထက်အလွန်။

"အားးလန်!!!! အားလန်!!!!"

"​ဝေ့ ​ဝေ့ သတိရလာပြီလားး
အားလန် ဆိုတာ ဟို ရင်ဘတ်ထိသွားတဲ့တစ်​ယောက်လား?
သူဘာမှမဖြစ်ဘူးး"

ထိုအခါမှမျက်လုံးပွင့်လာတဲ့သူ​​ရှေ့က လူသားကို​သူ​လေးစားအားကျမိပါသည်။
​ရှောင်းကျန့် မှာ​တော့ အ​ဖေ​ထောင်ထားသည့်​ဆေးရုံ၌ ​​စေတနာ့ဝန်ထမ်း လုပ်​နေယုံသာရှိသည်။

"အမ်.. အားးလန်"

ဝမ်ရိ​ပေါ် သတိရကာ ဝုန်းခနဲကုန်းထသဖြင့် ရင်ဘတ်ကိုဖိကာပြန်လှဲချ​ပေးလိုက်ရသည်။
ချုပ်ရိုး​ပြေသွားရင် ဒီတခါ​တော့တကယ်​သေ​လောက်ပြီ ဟုသာ​ရှောင်းကျန့်​တွေးလိုက်မိသည်။

"အားလန် ဘာမှမဖြစ်​တော့ဘူး သတိ​တော့မရ​သေး​ပေမဲ့ အ​ခြေအ​နေ​ကောင်းပါတယ်
လူနာက ထလို့မရ​သေးဘူး ချုပ်ရိုးပွင့်ပြီးအူ​တွေအ​ခွေလိုက်ထွက်ကျလာရင် ကျွန်​တော်လဲမကုတတ်ဘူး"

.............

ရက်သတ္တပတ်ကြာပြီး​နောက်

​"​ဆေးရုံဆင်းရ​တော့မယ်ဆို​တော့​ ​ပျော်လား?"

"ဟုတ်တယ် ​ဒေါက်တာ ကျွန်​တော် နားတာများ​နေပြီ"

"ဟမ် ဘယ်လိုဘယ်လို မနား​တော့ဘူး​ပေါ့ ဗိုလ်ကြီးက..
မရဘူး နားရမှာ​နော် ...
အနာကအရှင်းကျက်​သေးတာမဟုတ်ဘူး..
အူ​တွေအ​ခွေလိုက်......"

​ရှောင်းကျန့်​ပြေရင်းတန်းလန်း ရိ​ပေါ်က ​ရှောင်းကျန့်​ပြောမည့်စကား​တွေကိုဆက်​ပြောလိုက်သည်။
တစ်ပတ်​လောက် ​ဆေးရုံတက်ပြီး​နောက်​တော့ဆရာဝန်​လေးဆူပူသံ​တွေက အလွတ်ရ​နေပြီ။

Come and Save MeWhere stories live. Discover now