Uni
"အားလန်..အားလန် ..."
ချန်လန် ခေါ်သံနှင့်အဆက်မပြတ်သောဘဲလ်နှိပ်သံကြောင့် ချန်လန် တံခါးဖွင့်မိတော့ တွေ့လိုက်ရတဲ့လူကို ချန်လန်အကြာကြီးမစဥ်းစားလိုက်ရပေ။
သူ့ကို အားလန် လို့ခေါ်တာ နှစ်ယောက်တည်းပဲရှိသည်မို.။
တော်သေးတယ်ဘဒီနေ့ဂျူတီမရှိပေလို့ နောက်မို့များသာဆိုမတွေးရဲဘူး။"ဟမ်!! ဘယ်လိုဖြစ်ရတာလဲ!
"အားလန် ငါ့ကို ကယ်ပါဦး အားလန် ရာ!!"
.......
"ဝမ်လင်း သွားနော် ငါ့အလုပ်ကိုမနှောင့်ယှက်ပါနဲ့"
"ရှောင်းကျန့် ခင်ဗျား ကျုပ်ကို မချစ်လဲ ရတယ်..
ကျုပ်က ယူ မှာ..""ဝမ်လင်း ဒါဆေးရုံနော်"
"ရှောင်းကျန့်ရာ တခြားလူသာဆိုဆေးခပ်ပြီးယူလိုက်ပြီ"
"ဝမ်လင်းး!!"
ရှောင်းကျန့်စိတ်ငြစ်ငြစ်နဲ့ ထိုင်ခုံမှထကာထွက်မည်အလုပ်ကျောဆီကိုသိုင်းဖတ်လာတဲ့လက်တစ်စုံ။
ရှောင်းကျန့် ရင်ထဲတော့လှပ်ခနဲပဲ ဒါပေမဲ့ရင်ခုန်တိုင်းအချစ်မှမဟုတ်တာပဲ။
ရှောင်းကျန့် အဲ့ဒိလက်တွေကိုဖြုတ်ချဖို့လုပ်တုန်း။"ဒုန်းး"
ရှောင်းကျန့် ဂျူတီထိုင်တဲ့အခန်း တံခါးလေးပွင့်သွားသည်။
"အာ တောင်းပန်ပါတယ် ကျွန်တော်တံခါးခေါက်သင့်တာ.."
"မဟုတ်ဘူး ဗိုလ်ကြီးချန် ဘာကိစ္စရှိလို့လဲ"
"မဟုတ်တော့ပါဘူး
ကျွန်တော်သွားဦးမယ်""ဗိုလ်ကြီးချန်!!"
ရှောင်းကျန့်လိုက်ထွက်ဖို့လုပ်ပေမဲ့အနောက်ကခပ်တင်းတင်းဖတ်လိုက်တဲ့လက်တစ်စုံကြောင့်မလိုက်နိုင်။
"လန်လန် ..ဘာဖြစ်လာတာလဲ အရေးတကြီးနဲ့.."
"ကျိုးကော..ကျွန်တော့်နောက်လိုက်ခဲ့ပေး..
ရလား..""အေးပါ ခဏလေး ဂျူတီချိန်လိုက်ဦးမယ်"
လျှို့ကျိုး ချန်လန် နဲ့ တိုက်ခန်းဆီလိုက်ခဲ့သည်။
RS သက်တမ်း ၃ နှစ်နီးပါးအတွင်း ချန်လန်ယခုကဲ့သို့ကယောက်ကယက်ဖြစ်နေတာကိုမမြင်ဖူးပေ။
လျှို့ကျိုးနှင့်ချန်လန်က တကယ့်ကို နားလည်မှုရှိကြတဲ့ချသ်သူတွေ။
ကျင်းယောင်နဲ့ ရှောင်မိန်ကတော့ပြတ်ကြတွဲကြတော့မဟုတ်ဘူး။
ချစ်တာခြင်းအတူတူ တည်ငြိမ်တဲ့လျှို့ကျိုးရယ် နားလည်ပြီးချစ်တတ်တဲ့ချန်လန်ရယ်ကအမြဲအဆင်ပြေ၏။
ချန်လန့် အိမ်ရောက်တော့လျှို့ကျိုးမြင်လိုက်တာက ဆံပင်တွေကျောလည်အထိရှည်ပြီး မုတ်ဆိတ်တွေရသ်ခေါင်းလောက်နဲ့လူကို ထိုင်ခုံမှာကြိုးတွေနဲ့ဆွဲချည်ထားသည်။
YOU ARE READING
Come and Save Me
FanficUni ငယ်စဥ်ကတည်းက မိဘမရှိတော့သည် တွယ်တာစရာမရှိတော့သသည်မို့အသက်နဲ့ခန္ဓာကိုယ်နိုင်ငံတော်ကို ပေးလှူ ထားသော စံပြရဲ လေးဟာ တွယ်တာရမယ့်သူရှိလာချိန်မှာ..... ရွှေဘုံနန်းစံသူဌေးသား ဆရာဝန်လေးဟာ အတွေ့အကြုံ အသစ်တခုဖန်တီးလိုတာကြောင့် သူဌေးသားဂုဏ်ပုဒ်...