3

1.5K 137 8
                                    

Uni

"​ရှောင်းသခင်​လေး ထပါ​တော့ ခင်ဗျ"

ဒါဟာ ​ရှောင်းအိမ်​တော်ရဲ့သခင်​လေး​ရှောင်းကျန့်အတွက်နေ့တိုင်းပြုလုပ်​ပေးရ​သောအစဥ်အလာဖြစ်သည်။
သခင်​လေးက ညဘက်​တွေဘယ်​လောက်​နောက်ကျမှအိပ်ရအိပ်ရ ညဂျူတီ​တွေဘယ်​လောက်ပဲကျကျ မနက်ပိုင်း​တော့လုံးဝမထတတ်​ပေ။

"ငါနိုး​နေပြီ!"

"ဗျာ!!!!"

"နိုး​နေပြီလို့ အားခွမ်း ရဲ့"

ဒီ​နေ့ က​တော့ ရှရီခွမ်း တို့ထီများ​ပေါက်သလားပဲ။
​ရှောင်းသခင်​လေးက ဘယ်လိုလုပ်အ​စောကြီးနိုး​နေရတာလဲ။
ခါတိုင်း အသက်မထွက်ရုံတမယ်နှိုးရသလို သူ့ဟာသူမထပဲဂျူတီ​နောက်ကျလျှင်လဲ အားခွမ်းတို့အကြိမ်းခံရ​သေးသည်။

"သ.. သခင်​လေး နိုး​နေပြီ!"

"​အေး​လေ ငါက​စော​စောနိုးနေကျပဲ​လေ..
ဘာလဲ မနက်​စော​စောစီးစီးသရဲ​တွေ့လာလို့လား?"

"မဟုတ်ပါဘူး..သခင်​လေးကလဲ ..
အားခွမ်းကသခင်​လေး နိုး​နေပြီဆို​တော့ အံ့သြလွန်းလို့.."

"တိတ်စမ်း ......
ငါဘယ်တုန်းက အိပ်ယာထ​နောက်ကျဘူးလို့လဲ?
လျှာရှည်မ​နေနဲ့ သွား..သွား မနက်စာလုပ်ထား ..
ငါဆင်းလာမယ်"

"ဟုတ် သခင်​လေး.."

အားခွမ်း ​​ယောင်​တောင်​ပေါင်​တောင်နဲ့ဆင်းသွား​တော့​ရှောင်းကျန့်တို့မှန်​ရှေ့မှာ ​ချောပြီးသားမျက်နှာ​လေးကိုအထပ်ထပ်ကြည့်​နေသည်။
​ရေ​မွှေး​တွေလဲ တစ်ခန်းလုံးမွှန်ထူ​နေ​အောင်ဆွတ်ထား​သေး၏။
အဟမ်း အဟမ်း ​ရှောင်းကျန့် တို့ ဒါမျိုး​နေ့တိုင်းလုပ်နေကြသိလား။
ဒီ​နေ့ဘာမှထူးပြီးပြင်မထားဘူး။

"​သခင်​လေးး ​ရေ​မွှေးပုလင်းကျကွဲသွားတာလား?"

"ဟမ်?? မကွဲပါဘူး"

"အင်္ကျီ​တွေလဲ လန်းလို့ပါလား သခင်​လေး ရည်းစားရ​နေပြီလား?
ဘယ်အိမ်​တော်က သခင်မ​လေးလဲ?"

"​သောက်ကျိုးနဲ!!! မင်းအ​​မေ့လင်သခင်မ​လေး​ဟေ့..
သိပ်စပ်စုတာပဲ"

Come and Save MeWhere stories live. Discover now