14

1K 87 20
                                    

Uni

"​​​ဒေါက်တာ..
လွမ်း​နေ​သေးလား?"

လင်း ကိုသက်​သေမလုံ​လောက်လို့ ၂၄ နာရီပြည့်​တော့လွှတ်​ပေးလိုက်ရသည်။
ဘယ်ရမလဲလွတ်လွတ် ချင်း​တော့သိပ်လွမ်း​နေတဲ့သူကိုသွား​တွေ့ရမှာပဲ။
ကျင်း​ယောင်က အကြီးကြီးတင်း​နေဆို ဝမ်လင်း ဟာတရားခံဆိုတာ​သေချာ​နေသ​လောက်ရှိသည်။
သူအမှုစုံစမ်းရင်း ဝမ်လင်း အချက်အလက်​တွေကြည့်မိ​တော့မှင်​သေသွားခဲ့တာအမှန်။
D Bar နဲ့ ပတ်သတ်မှုရှိ​နေတဲ့ ဝမ်လင်း ​နောက်​ကြောင်း​တွေစုံစမ်းပြီး​နောက်မှာ​တော့ ဗိုလ်ကြီးဝမ်မဟုတ်ဟုသာ​​ကောက်ချက်ဆွဲလိုက်​သော်လည်းလက်​တွေအပြင်မှာ​တွေ့​တော့ မယုံနိုင်​သေး။
အသံကအစတူတဲ့အပြင် ​ဒေါက်တာ​ရှောင်း နားတဝဲဝဲ လည်​နေတဲ့ လင်းဟာ ဗိုလ်ကြီးဝမ်လားဟုသံသယဖြစ်ချင်စရာပါပဲ။

"ဝမ်လင်း ဘယ်လိုဖြစ်ရတာလဲ?
ဘယ်လိုဖြစ်လို့ လူသတ်မှုဖြစ်ရတာလဲ?"

"​ဒေါက်တာ ကလဲ မဟုတ်လို့လွတ်လာတာ​ပေါ့..
ပဲပြာ​လေးဘာ​လေးမ​​ကျွေးချင်ဘူးလား?"

"ဝမ်လင်း ငါ့ကိုမ​ပြောင်နဲ့..
ရှင်းပြစမ်း.."

"​ဒေါက်တာ့ကို အဲ့ဒါ​ကြောင့်ချစ်တာ..
​ဒေါက်တာ က ဘဝမှာ ပထမဆုံးဂရုစိုက်​ပေးဖူးတဲ့သူပဲ..
ပါပါး က Australia မှာတစ်​ယောက်တည်းထားတာ..
မာမားက ကျုပ်ကို​မွေးရင်းနဲ့ပဲ​သေသွားတယ်..
ကျုပ်နာမည်​ပြောင်ကိုသိလား ပန်ဒိုရာတဲ့..
ကျုပ်က ကံဆိုးမှု​တွေသယ်​ဆောင်လာသူ​တဲ့​လေ..."

​ရှောင်းကျန့် လင်း ​ပြောတဲ့စကား​တွေကို မျက်​တောင်မခတ်နား​ထောင်​နေမိ​တော့ လင်း ဟာ ရိ​ပေါ် မဟုတ်တဲ့တစ်ခြားတစ်​​ယောက်ပါလားဆိုတဲ့ခံစားချက်မျိုးကိုပထမဆုံးခံစားလိုက်ရသည်။
ရိ​ပေါ် ကမိဘ မဲ့​ဂေဟာမှာကြီးပြင်းလာပြီး ​​လောကကြီးကိုအ​ကောင်းဘက်ကမြင်ပြီးကိုယ့်ကိုယ်ကိုအ​ကောင်ဆုံးဖြစ်​အောင်​နေထိုင်တဲ့သူ​လေ။
ဒါဆို လင်း က​ရော လင်းက​တော့ ​​လောကကြီးကို ငါနဲ့ကိုင်ဆဲပြီးအရွဲ့တိုက်​နေတဲ့သူလို့မြင်မိတယ်ထင်သည်။

"ကျုပ် ​ဆေးချလဲတားမဲ့သူမရှိဘူး..
ကျုပ် ​ကြိုက်တာလုပ် ဗျာ ဘယ်သူကမှ​ဆောက်ဂရုမစိုက်ဘူး..
အဲ့​တော့ ကျုပ် ကပြဿနာ​တွေကိုဖန်တီးပြီး ဂရုစိုက်တာကိုလိုချင်လာတာ..
ဒါ​ပေမဲ့ ​ဒေါက်တာ့ ရဲ့ ​ဆေးလိပ်မ​သောက်ပါနဲ့လားဆိုတဲ့စကား​အောက်မှာ ကျုပ် တကယ်ဗျာ ကျုပ် ​ဒေါက်တာ့ကိုအပိုင်လိုချင်သွားတာ..
​ဒေါက်တာက​တော့ ​ဆေးရုံဧရိယာမို့လို့​ပြောတာ​ပေမဲ့လို့​ပေါ့..
အဲ့လိုတား​ပေးတဲ့သူမရှိခဲ့ဘူးတဲ့ ဒီရင်ဘတ်ထဲ​တော့တန်းထိတာပဲ ..
​ဒေါက်တာ ကျုပ် ရဲ့အပိုင်ဖြစ်​ပေးလို့ရလား?"

Come and Save MeWhere stories live. Discover now