Uni
ရှောင်းကျန့် ရိပေါ်ဆွဲထားတဲ့ပုံထဲကသူဟာ လင်း တို့အိမ်မှာတွေ့ခဲ့တဲ့ လင်းအဖေဆိုတာကိုပြောတော့ ညစာတောင်ဆက်မစားနိုင်ကြတော့ပေ။
လင်းနဲ့ရိပေါ် ဒီလောက်အထိတူနိုင်တာဟာညီအစ်ကိုမို့ဖြစ်နိုင်သည်။
လင်းကတော့ ၃နှစ်လောက်ငယ်တယ်။
အမြွှာတွေမဟုတ်ပဲ ဒီလောက်တူနိုင်တာတော့ထူးဆန်းတယ်မဟုတ်လား။နောက်မှ လင်းကိုအကူအညီတောင်းပြီး တွေ့ခိုင်းမယ်လို့ရှောင်းကျန့်ကပြောတော့ ရိပေါ်ကတား၏။
ဒီလောက်အထိပဲ သိထားချင်တယ်တဲ့။
သူ့ကိုထားသွားတဲ့သူကိုတွယ်ကပ်ပြီးလိုက်မရှာချင်ဘူး လို့ဆိုလာသည်။
ရိပေါ်ပြောတာလဲမှန်၏။ငြိမ်သက်နေထမင်းစားဝိုင်းမှာ ရိပေါ်ကမနက် ဆိုစခန်းမှူးဆီသွားမယ်လို့ဆိုသည်။
မော်ဖိန်းမထိုးပဲနေနိုင်နေပြီမို့။"ရိပေါ် မရဘူး ငါရည်းစားနဲ့တောင်အပျက်ခံထားရတာ
မင်းကွန်မန်ဒိုဘဝကိုမစွန့်လွှတ်နိုင်တာသိလို့""အေ့လေ သွေးထဲမှာပါ ရှင်းတော့မှသွားပါလား"
အမှန်တရားကိုလက်ကိုင်ထားတဲ့ရိပေါ်ကလက်မခံဘူး။
သွားပြီးအကျိုးအကြောင်းရှင့်ပြရင် တိုင်းပြည်ကသူ့ကိုချစ်မှာပါ တဲ့။.....
"ကလင်...ကလင်.."
ဖုန်းနံပါတ်အစိမ်းမို့ ရိပေါ် ထူးဆန်းစွာပဲကိုင်လိုက်သည်။
သူ့ဖုန်းကို ကိုကိုနဲ့ အားလန် အပြင်မသိဘူးလေ။သူရဲစခန်းကို သွားတော့စခန်းမှူးနဲ့အားလုဆိုတာဖတ်ပြီးငိုကြတာမပြေနဲ့။
ရိပေါ်လဲ သူတို့နဲ့အပြိုင်ပါပဲ။ရိပေါ် ကိုသေဆုံးစာရင်းကနေပယ်ဖျက်ပြီး ကွန်မန်ဒိုတပ်မှာမဟုတ်တော့ပေမဲ့ ရိုးရိုး မှုခင်းရဲအနေနဲ့ ပြန်လည်ခန့်ထားဖို့စီစဥ်ပေးသည်။
ရိပေါ် ပြောပါတယ် နိုင်ငံတော်ကချစ်မှာပါလို့။
နောက်ရက်မှအလုပ်စဆင်စဖို့ဆိုလာတာနဲ့ ရိပေါ်လဲပြန်လာလိုက်သည်။
ဒီနေ့ ကိုကို လဲ ဂျူတီအော့ဖ် တယ်ဆိုတော့ ပေါ်ပေါ်တင်တင်လျောက်လည်ရင်းရုပ်ရှင်လဲကြည့်ကြမယ်လို့ရိပေါ်တွေးသည်။
YOU ARE READING
Come and Save Me
FanfictionUni ငယ်စဥ်ကတည်းက မိဘမရှိတော့သည် တွယ်တာစရာမရှိတော့သသည်မို့အသက်နဲ့ခန္ဓာကိုယ်နိုင်ငံတော်ကို ပေးလှူ ထားသော စံပြရဲ လေးဟာ တွယ်တာရမယ့်သူရှိလာချိန်မှာ..... ရွှေဘုံနန်းစံသူဌေးသား ဆရာဝန်လေးဟာ အတွေ့အကြုံ အသစ်တခုဖန်တီးလိုတာကြောင့် သူဌေးသားဂုဏ်ပုဒ်...