Uni
ယူနန်ကိုစစ်ဆင်ရေးသွားတဲ့ ရိပေါ် ဆီကအဆက်အသွယ်မရတာ တစ်လရှိပြီ။
အစပိုင်းတော့အမြဲဖုန်းဆက်ပြီးကျန်းမာရေးဂရုစိုက်ဖို့မှာတတ်သည်။
ဗိုလ်ကြီးကဒူတော့ ချစ်စကားတွေကိုရှောင်းကျန့်သာပြောရသည်။
ရှောင်းကျန့် မှာလိုက်တာက ဘေးမသီရန်မခပဲပြန်လာဖို့တစ်ခုတည်းသာ။
ရှောင်းကျန့်ပို့ထားတဲ့မက်ဆေ့တွေက ကြည့်ထားသည်ပင်မပြ။
ရန်လုလည်းပေးကျင်းမှာကျန်ခဲ့ပြီးအဆက်အသွယ်မရဟုသာပြောသည်။
စစ်ဆင်ရေးသွားတဲ့တပ်ဖွဲ့တွေပြန်လာပေမဲ့ရိပေါ် တစ်ယောက်သာပါမလာခဲ့။"ဗိုလ်လေးကျင်းယောင်...
ရိပေါ် ရော...??
ဝမ်ရိပေါ် ရောလို့..??""ဗိုလ်ကြီးဝမ် ..သူ ... လော့ပိုင်ယိတို့အဖွဲ့အကြောင်းသတင်းရလို့ ကျွန်တော်တို့အဖွဲ့ ဝင်ဖမ်းတာ လီဖန် တို့ပါပါလာပြီး ပွဲတော်တော်ကြမ်းသွားတာ..
ပြစ်ကြခတ်ကြနဲ့နောက်တော့ လော့ပိုင်ယိကို မိပြီး ကျွန်တော့်ကိုလာပေးသွားပြီး လီဖန်နောက်ဆက်လိုက်တာ ..
ဗိုလ်ကြီးမောင်းသွားတဲ့ကားမြစ်ထဲထိုးကျသွားတယ်..
ကားကိုဆယ်လို့ရပေမဲ့လူမတွေ့တော့ဘူး..""ဟမ်.... မ...မဟုတ်ဘူး...
မဟုတ်ဘူး.....မဟုတ်ဘူးလို့ပြောပေးပါ...."ရှောင်းကျန့်တစ်လလုံးလုံးတင်းထားတဲ့ မျှော်လင့်ချက်တွေအားလုံးဆိတ်သုံးသွားသလို လည်ပတ်နေတဲ့ကမ္ဘာကြီးလဲရပ်တန့်သွားသည်။
"ဒေါက်တာရှောင်း .. ဗိုလ်ကြီးဝမ် ပေးဖို့မှာခဲ့တာလေးပါ
သူပြန်မလိုက်နိုင်ခဲ့ရင်ပေးပေးပါလို့မှာခဲ့တာ.."ကျင်းယောင်က ဒေါက်တာ့လက်ထဲကို ထည့်ပေးလိုက်တာ snowball အရုပ်လေး။
ရှောင်းကျန့် လည်းအသက်ရှူဖို့ပင်မေ့နေတာကြောင့် ကျင်းယောင် ဘာမှမပြောပဲထွက်ဘာလိုက်သည်။
ကျင်းယောင်ထွက်သွားပြီးမှရှောင်းကျန့်သတိပြန်ဝင်ကာ ကားပေါ် တက်ပြီးအတင်းမောင်းတော့သည်။
ရှောင်းကျန့်အတွေးတွေကရောက်ကယက်နှင့်*အင်းး...သူ ယူနန်ကိုသွားမယ်
ရိပေါ် ယူနန်မှာရှိတယ်
သူ့ကိုမချစ်လို့ပြန်မလာတာ
ရှာတွေ့ရင်တော့ တစ်ချက်လောက်ဆွဲထိုးဦးမည်*
YOU ARE READING
Come and Save Me
FanfictionUni ငယ်စဥ်ကတည်းက မိဘမရှိတော့သည် တွယ်တာစရာမရှိတော့သသည်မို့အသက်နဲ့ခန္ဓာကိုယ်နိုင်ငံတော်ကို ပေးလှူ ထားသော စံပြရဲ လေးဟာ တွယ်တာရမယ့်သူရှိလာချိန်မှာ..... ရွှေဘုံနန်းစံသူဌေးသား ဆရာဝန်လေးဟာ အတွေ့အကြုံ အသစ်တခုဖန်တီးလိုတာကြောင့် သူဌေးသားဂုဏ်ပုဒ်...