Uni
"ကျန့်ကျန့် ဒီနေ့ မာမား နှစ်ပတ်လည်နေ့ နော် ကွဲပြဲမပြီးပြန်မလာနဲ့ဦး"
ရှောင်းကျန့်တို့အမေက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ယဥ်တိုက်မှုတစ်ခုဖြစ်ကာပွဲချင်းပြီးဆုံးသွားခဲ့၏။
ရှောင်းယွမ်က ရှောင်းကျန့်ထက် ၅ နှစ်ကြီးပြီးတကယ့်အစ်ကိုကောင်းတစ်ယောက်ဖြစ်သည်။
ရှောင်းယွမ်အပြောကိုခေါင်းငြိမ့်ရင်းသာဖြေမိသည်။
သူဒီရက်ပိုင်း ဆေးရုံကပြန်ရင် Bar ကိုလိမ့်ကာအကွဲသောက်မိနေသည်။
သူဘာဖြစ်ချင်မှန်း သူ့ကိုသူမသိ။
ဝမ်လင်း ကိုရိပေါ် ဖြစ်စေချင်တာလားမဖြစ်စေချင်တာလား သူမသိတော့။
တကယ်ဆို ရိပေါ်လေးသာဆိုရင်ဆိုတဲ့ စိတ်လေးက ဟိုနေ့က club မှာပြောလိုက်တဲ့မကြိုက်တတ်ဘူးဆိုတဲ့စကားကြောင့် ရှောင်းကျန့်ဒွိဟတွေ တွေဖြစ်နေပြီ။
ထိုကောင်လေးအကြောင်းမတွေးမိအောင် ပဲအရက်တွေသာခွသောက်နေလိုက်သည်။"ယွမ်ကော..
မာမား ကိုလွမ်းလိုက်တာနော်""အင်း မာမားကိုနောက်ဆုံးတောင်ကြည့်ပြီးမနှုတ်ဆက်လိုက်ရဘူး"
"အဲ့ ကုန်ကားမောင်းသမားထောင်ကျသွားတယ်မဟုတ်လား?"
"အင်း"
"ကျန့်ကျန့် မင်းလဲ ဗိုလ်ကြီးဝမ် ကိုမေ့နိုင်အောင်ကြိုးစားပြီး အသစ်လေးဘာလေးတွေ့ကြည့်ပါလား?
ဒီလိုအမြဲကွဲပြဲနေတာမကောင်းဘူး""ယွမ်ကော..
တကယ်တော့ ကျွန်တော်သူ့ကိုတွေ့ပြီထင်တယ်..
သေချာကြည့်ပြန်တော့လဲ မတူပြန်ဘူး""ဟမ် ဘယ်လိုကြီးလဲ"
"ယွမ်ကော..
တကယ်တော့ ကျွန်တော်သူနဲ့တူတဲ့သူတစ်ယောက်တွေ့တယ် ..
သူနာမည်က ရိပေါ် မဟုတ်ဘူး ဝမ်လင်းတဲ့ ..
ကျွန်တော့်ကိုစုံစမ်းပေးပါ..
ရိပေါ် ဟုတ် မဟုတ် ""အေး မဟုတ်ရင်တော့ အိမ်ထောင်ဖက်တွေ့နော်"
"ဟုတ် ယွမ်ကော"
..........
ရှောင်းကျန့် မနက်ပိုင်း အခွမ်းလာပေးတဲ့ hangover cure drink လေးသောက်ပြီးအလုပ်ဆီထွက်လာလိုက်သည်။
အားခွမ်းကတော့ဆိုသည် ဒီသခင်လေးနဲ့တော့ဘယ်အိမ်တော်ကသခင်မလေးကံဆိုးမလဲမသိဘူးတဲ့လေ။
ဟိုတနေ့ကမှရိပ်ထားတဲ့ နှုတ်ခမ်းမွှေးလေးတွေကစိမ်းနေပြန်ပြီ။
ချိုင်းမွှေးတွေလိုလေဆာကုထုံးရှိရင်တော့အဆင်ပြေသားဟုတွေးမိသည်။
ရိပ်ရမှာပျင်းသည်။
ဂျူတီပြီးတော့ လျှို့ကျိုး ရှိရာ ER ဘက်သို့ထွက်လာလိုက်သည်။
မာမားနှစ်ပတ်လည်မို့ ER ဘက်ကိုတော့ဒီနေ့မထိုင်ပေးဖြစ်တော့။
YOU ARE READING
Come and Save Me
FanfictionUni ငယ်စဥ်ကတည်းက မိဘမရှိတော့သည် တွယ်တာစရာမရှိတော့သသည်မို့အသက်နဲ့ခန္ဓာကိုယ်နိုင်ငံတော်ကို ပေးလှူ ထားသော စံပြရဲ လေးဟာ တွယ်တာရမယ့်သူရှိလာချိန်မှာ..... ရွှေဘုံနန်းစံသူဌေးသား ဆရာဝန်လေးဟာ အတွေ့အကြုံ အသစ်တခုဖန်တီးလိုတာကြောင့် သူဌေးသားဂုဏ်ပုဒ်...