7

1.2K 124 5
                                    

Uni

ရိ​ပေါ် ​နောက်ကကယ်ဖို့လာသည့် ရန်လုတို့တပ်က​တော့ ​လော့ပိုင်ယိ၏ခြုံခိုတိုက်ခိုက်မှု​ကြောင့် ကြန့်ကြာ​နေသည်။
​​လော့က​တော် သမီးကိုအလိုလိုက်လို့​လော့သူ​ဌေး​ခေါင်းပြတ်ဖို့နည်းနည်းသာလို၏။
သူ​ဌေး​ရှောင်းနားထဲ​ရောက်သွားလျှင်​ထောင်နန်းစံဖို့မှာရာနှုန်းပြည့်​သေချာပြီ။
အခု​တော့​သေနတ်ဒဏ်ရာနှင့်ထွက်​ပြေးသွားသည့်​ဒေါက်တာ​လေးသာအသက်ရှင်ပါ​စေဆု​တောင်း​နေရသည်။
ရန်လုတို့​ရောက်လာချိန်မှာ​တော့ရိ​ပေါ်နဲ့​ဒေါက်တာ​လေးမရှိ​တော့​​​ပေ။
အနီးအနားရှိဆိပ်ကမ်းတွင်​ချောင်ကြို​ချောင်ကြားပါမကျန်ရှာ​ဖွေပါ​သော်လည်းမ​တွေ့​ပေ။

"တပ်သားတို့ရှာကြစမ်း..."

"ဗိုလ်ကြီး​သွေး​တွေ​​တွေ့တယ်"

​သွေး​တွေစက်လက်ကျ​နေတာကို​​တွေ့​ပေမဲ့ ​သွေးတန်းအဆုံးမှာယတိပြတ်ကာလူ​တွေ​တော့မ​တွေ့​တော့​ပေ။
ရန်လုနဲ့​နောက်လိုက်​တွေလဲဆိပ်ကမ်းရဲ​တွေနဲ့​ပေါင်းပြီး အသည်းအသန်ရှာ​ဖွေ​နေပါ​သော်လည်းရှာမ​တွေ့။
စခန်းပြန်ပြီးမှယူနန်ကို​မြေလှန်ရှာမည်ဟုသာရန်လုတွေးမိ​တော့သည်။
တကယ်ကို ရှာ​တွေ့မှဖြစ်မယ့်သူ​တွေမို့။

"စခန်းပြန်မယ်"

စခန်းဆီ​ရောက်​တော့ လက်နှစ်ဖက်ကိုကျစ်ကျစ်ပါ​အောင်ဆုပ်ထားသည့် ​ဒေါက်တာလျှို့ကျိုးနှင့်​ရှောင်မိန်ကို​တွေ့ရသည်။
ရန်လု​ရောက်လာသည်နှင့်အ​ပြေးအလွှားသတင်းဝိုင်း​မေးကြ၏။

"ဗိုလ်ကြီး အားကျန့်​ရောဟင်?"

"​ဒေါက်တာ​ရှောင်း​ရောဗိုလ်ကြီးဝမ်​ရော​ပျောက်​နေတယ်
မပူပါနဲ့ ကျွန်​တော်​တွေ့​အောင်ရှာပါ့မယ်"

စီနီယာလျှို့ကျိုးက​​တော့ ​တော်​တော်​လေးရတက်မ​အေးဖြစ်​နေပြီ။
အားကျန့်အန္တရာယ်ကင်းပါ​စေသာဆု​တောင်းရင်း။

...........

ရိ​ပေါ် တို့​ရောက်​နေတဲ့ကွန်တိန်နာက​​ရေခဲ​တွေနဲ့အသား​တွေထည့်ထားသည့်ကွန်တိန်နာဖြစ်၏။
ရိ​​ပေါ် ​ရေခဲတချို့ယူကာ ​ဒေါက်တာ​သွေး​တွေတတိတ်​အောင်ကပ်​ပေး​နေတုန်းကွန်တိန်နာကတုန်ခနဲဖြစ်သွားသည်။
အပြင်မှာအသံကြားတာ​ကြောင့်ရိ​ပေါ် ငြိမ်​နေလိုက်၏။
သိပ်မကြာခင်မှာပဲအပြင်ကအသံ​တွေငြိမ်သွားသလို ကွန်တိန်နာတုန်းခါမှုလဲရပ်သွားသည်။
စက်သွယ်​ရေးစက်​တွေလဲ ​လော့ဟွားအကုန်ဖြုတ်ယူထားလိုက်လို့ဘယ်မှဆက်သွယ်မရ။
​ဒေါက်တာ​လေးမှာလဲ ​နာကျင်မှု​ကြောင့်နှုတ်ခမ်း​တွေပါဖြူ​ဖြော့​နေပြီ။
ရိ​ပေါ် ​ဒေါက်တာ့ကိုကုန်းပိုးဖို့လုပ်​တော့ ​ဒေါက်တာ့ဆီကအသံသဲ့သဲ့​လေးထွက်လာသည်။

Come and Save MeWhere stories live. Discover now