Uni
"တောက် တောက် တောက်...."
ခေါင်းငယ်ထိပ်ပေါ်သို့ကျနေသည့်တတောက်တောက်ရေခဲရေစက်များကြောင့်ရှောင်းကျန့်သတိရလာသည်။
"ငါဘယ်ရောက်နေတာလဲ?"
ခုံမှာထိုင်လျက်အနေအထားနှင့်ကြိုးချည်ကာ ခေါင်းပေါ်သို့တည့်တည့်ကျစေရန် ချိန်ရွယ်ထားသောရေခဲရေစက်များ ကတစက်တစက်ကျနေ၏။
ဘယ်လိုနှိပ်စက်နည်းမျိုးပါလိမ့် ကြာတော့ရှောင်းကျန့်ခေါင်းတွေပါကြိမ်းစပ်ကာအတင်းရုန်းတော့သည်။"ဟားး ဟားးး သတိရလာပြီလား ဒေါက်တာ.."
ရှောင်းကျန့်တစ်ချက်ကြည့်မိတော့ အပြာရောင်မျက်လုံးနဲ့မိန်းကလေး။
"မိန်းကလေး မင်းနဲ့ငါနဲ့ဘာရန်ငြိုးရှိလို့ဖမ်းရတာလဲ?"
"အစကတော့မရှိပါဘူး ခုတော့ရှိသွားပြီ
ကျမက ကျမပိုင်ချင်တဲ့အရာကိုသူများထိတာမကြိုက်ဘူး..
ရှင်က ကျမပိုင်ချင်တဲ့အရာရဲ့ပိုင်ရှင်ဖြစ်နေတော့ရှင့်ကိုဖြောက်ပေးရတာပေါ့..""မင်းပြောတာငါတစ်ခုမှနားမလည်ဘူးးနော်..
ကယ်ဆယ်ရေးစခန်းမှာတုန်းကလဲ မင်းကိုငါ သေသေချာချာစောင့်ရှောက်ပေးတာပဲ""အဟက်.
ဗိုလ်ကြီးဝမ်ရိပေါ်ကိုသိတယ်မဟုတ်လား?""သိတယ်လေ ..
သူက ငါ့လူနာလေ..""ဒေါက်တာရှောင်းကျန့် ဝေ့ဝိုက်မနေနဲ့ ..
ကျမသူ့ကိုလိုချင်တယ် ..
သူက ရှင့်ဆီကမခွာနိုင်တော့ကျမရှင့်ကိုသတ်ရလိမ့်မယ်..
ဒါပေမဲ့ရှင့်ချစ်သူရှေ့မှာ ဖြေးဖြေးချင်းသတ်မှာ..
အဲ့ဒါမှသူကကျမ ကိုယူပါ့မယ် လို့တောင်းပန်လာမှာ.
ဟားးဟားး""ငါ...ငါတို့က...."
"တိတ်စမ်း..ရှင်တို့က ချစ်သူတွေမဟုတ်ဘူးငြင်းမလို့လား..
ကျမ မကန်းသေးဘူးး.
ကျမ သူ့ကိုတစ်ယောက်တည်းမလာရင်ရှင့်ကိုသတ်မယ်ပြောထားတယ်..
ကြည့်နေ ခဏနေလာတော့မှာ.."လော့ဟွားပြောလို့မှမဆုံးသေးဝမ်ရိပေါ် ရောက်ချလာသည်။
လက်နောက်ပြန်ကြိုးနဲ့ခုံပေါ်မှာကြိုးချည်ခံထားရတဲ့ဒေါက်တာလေးကိုမြင်တော့သူ့ကြောင့်ပါလားလို့တွေးမိကာရင်ထဲဆစ်ခနဲပင်။
YOU ARE READING
Come and Save Me
FanfictionUni ငယ်စဥ်ကတည်းက မိဘမရှိတော့သည် တွယ်တာစရာမရှိတော့သသည်မို့အသက်နဲ့ခန္ဓာကိုယ်နိုင်ငံတော်ကို ပေးလှူ ထားသော စံပြရဲ လေးဟာ တွယ်တာရမယ့်သူရှိလာချိန်မှာ..... ရွှေဘုံနန်းစံသူဌေးသား ဆရာဝန်လေးဟာ အတွေ့အကြုံ အသစ်တခုဖန်တီးလိုတာကြောင့် သူဌေးသားဂုဏ်ပုဒ်...