5

1.3K 133 1
                                    

Uni

"အလုပ်ကိုဘယ်လိုလုပ်နေတာလဲ?"

"​တောင်းပန်ပါတယ် ခင်ဗျ"

"မင်းတို့ အသုံးမကျလို့ သူတို့အမြဲအနံ့ခံနိုင်​နေတာ..
ငလျင်ကယ်သွားလို့ ​နောက်မို့​ထောင်နန်းစံ​နေရပြီ"

"​တောင်းပန်ပါတယ် သခင်ဝမ် ​နောက်မဖြစ်​စေရပါဘူး"

​လော့ပိုင်ယိ (​လော့ဟွား၏အ​ဖေ) တစ်​ယောက်ဒူး​ထောက်ကာ​တောင်းပန်​နေသည်။
သခင်ဝမ် ဆိုသူက အမှားကိုလုံးဝခွင့်မလွှတ်တတ်။
အမှားအတွက်​ပေးဆပ်မှုက​သေလမ်းတစ်လမ်းသာ၏။

"​ပိုင်ယိ ကိုအခွင့်အ​ရေး​တစ်​ခေါက်​လောက်​ပေးပါ"

နားထင်​​ပေါ်တွင်​ထောက်ထား​သော​အေးစက်စက် ​အရာက အခွင့်အ​ရေး​ပေး​တော့မယ်မထင်။

"ချ​လောက်"

​မောင်းဆွဲသံကြားတဲ့​နောက်မှာ ​လော့ပိုင်ယိ မျက်လုံးသာစုံမှိတ်ချလိုက်သည်။

"ဒုန်းး"

ပွင့်လာတဲ့တံခါးဆီက ရဲဝတ်စုံနဲ့လူတစ်​ယောက် ​ပေါ်လာသည်။

"ရပ်လိုက်..
​လော့ပိုင်ယိကို သက်ညှာ​ပေးပါ..
အဲ့ဒိအစား ကျွန်​တော် ယူနန် မှာရှိ​နေသ၍ သူ​ဌေးဝမ် ​အေး​အေး​ဆေး​ဆေး ရှိ​စေရပါမယ်"

သူ​ဌေးဝမ်စဥ်းစားဟန်ပြပြီးမှ

"​​ကောင်းပြီ​လေ ဒီတခါ​တော့ခွင့်လွှတ်လိုက်မယ်"

...............

"ဗိုလ်ကြီးရန်လု ​ရော?"

​ရှောင်းကျန့်တစ်​ယောက် လိုအပ်သည့် ​ဆေးဝါးများကို ​ရဟတ်ယဥ်နဲ့သယ်ရန် ရန်လုကိုလိုက်ရှာ​နေသည်။

"ကျွန်​တော်လဲသတိမထားမိဘူး"

​ရှောင်မိန် ကိုငမ်း​နေတဲ့ ​ကျင်း​​ယောင်က တကယ့်တပည့်​ကောင်း​လေး ရန်လု ဘယ်ထွက်သွားလဲမသိလိုက်​ပေ။

"ကျင်း​ယောင် အားလု​ရော??"

ကယ်ဆယ်​ရေးတဲအပြင်ကထွက်လာတဲ့သြရှရှအသံကသူရင်းနှီးတဲ့အသံ။
တကယ်ပဲ ဗိုလ်ကြီးဝမ်လား။
တဖြည်းဖြည်းနီးကပ်တာတဲ့​ခြေသံနဲ့ ​နေ​ရောင်ကြောင့်ထိုး​ဖောက်မြင်​နေရတဲ့ အရိပ်​လေး​ကိုမြင်​တော့ ​ရှောင်းကျန့် ရင်ထဲသိမ့်ခနဲ။
ကယ်ဆယ်​ရေးတဲရဲ့ အ​ပေါက်ဝက ဇစ်လိုင်းအပိတ်​လေးနဲ့တံခါးဝကိုလှမ်းလာတဲ့လက်​လေးက အ​နောက်က​ခေါ်သံ​ကြောင့်ပြန်ရုတ်သွားသည်။

Come and Save MeWhere stories live. Discover now