16

1K 91 13
                                    

Uni

​ရှောင်းကျန့် ချန်လန့်အိမ်ထဲဒ​ရော​သောပါး​ပြေးဝင်သွား​တော့ ရိ​ပေါ် ကကုတင်​ပေါ်မှာ မှိန်း​နေသည်။
အဲ့ဒါ ရိ​ပေါ် တဲ့လား။
​ရှောင်းကျန့် ၃ နှစ်လုံးလုံး မြိုသိပ်ထားခဲ့ရတဲ့အလွမ်း​တွေကအပြင်မှာကျတဲ့နှင်း​တွေလို ဖြိုးဖြိုင်စွာ ထွက်ကျလာသည်။
အင်း မျက်ရည်​တွေနဲ့အတူ​​ပေါ့။
​ရှောင်းကျန့်လက်​တွေက ရိ​ပေါ် ရဲ့ ​ပေါက်ပြဲ​နေတဲ့ကတ္တရာလမ်းနဲ့တူတဲ့မျက်နှာ​ပေါ်မှာ။

"ဘယ်လိုဖြစ်ရတာလဲ ရိ​ပေါ်​လေး ရာ.."

​ရှောင်းကျန့်လက်​တွေမျက်ခုံးဆီနား​ရောက်​တော့ အနာရွတ်​လေး ကို​တွေ့သည်။
ဒါ​လေး ဟုတ်တယ် လင်း မှာမရှိပဲ ရိ​ပေါ် မှာပဲရှိတဲ့ အမှတ်အသား​လေး။
​ရှောင်းကျန့် သာသာ​လေး ပွတ်ကြည့်မိ၏။
တကယ် ရိ​ပေါ် ပဲ။
ရှည်လျားညစ်ပတ်​နေတဲ့ဆံပင်​တွေကို သပ်တင်​ပေးလိုက်​တော့ ရိ​ပေါ် မျက်လုံး​တွေပွင့်လာသည်။
အရင်လိုကြည်​တောက်မ​နေတဲ့မျက်ဝန်းတစ်စုံက ​ရှောင်းကျန့်ကို မြင်​တော့ အနည်းငယ်ပြူးကျယ်သွားသည်။

"ကိုကို.."

ဟုတ်တယ် ရိ​ပေါ်က ကိုကို လို့​ခေါ်တာ။

အိပ်​နေရာမှထထိုင်လာပြီး ​ရှောင်းကျန့်ကိုသိမ်းကျုံးဖတ်လိုက်​တော့ ​ရှောင်းကျန့်အလိုက်သင့်​လေးပဲငြိမ်​နေလိုက်၏။
ချစ်ရသူရဲ့ ရင်ခွင်က အဲ့ဒိ​နေ့က အ​ဝေး​ပြေးလမ်း​ပေါ်က အတိုင်းပဲ ​နွေး​နေတုန်း။

​ရှောင်းကျန့်ကိုဖတ်ထားရင်နဲ့ ရိ​ပေါ် ရုတ်တရက်လွှတ်လိုက်ပြီးသူ့ကိုယ်သူပြန်စမ်းသည်။

"ကိုကို တကယ်မှတ်လား..
ကျွန်​တော် ကျွန်​တော် ​ဆေးနဲ့မှိန်းရင်းမြင်​ယောင်​နေတာမဟုတ်ဘူးမှတ်လား.."

ရိ​ပေါ် ကို လီဖန်​ဆေး​ကျွေးတိုင်း စိတ်မှန်းနဲ့ကိုကို့ကိုပဲစကား​တွေ​ပြော​နေကျမို့။
​ယောက်ယက်ခတ်​နေတဲ့ရိ​ပေါ်လက်​တွေကို ​ရှောင်းကျန့်ဆွဲချုပ်လိုက်သည်။

"ကိုကို ပါ ရိ​ပေါ် ရာ.."

ထိုအခါမှ ရိ​ပေါ် လက်​တွေက ​ရှောင်းကျန့်မျက်နှာဆီလှမ်းလာသည်။
သို့​သော် ​လေထဲမှာတန့်သွားပြီး ၊

Come and Save MeWhere stories live. Discover now