Zawgyi
"Yrrr!!!!!!ယွန်းဟီယောင်း!!!ငါ့နောက်လိုက်မလာနဲ့လို့ပြောတယ်နော်"
"ကိုကိုယုန်ကလည်း ဒီ banana milk လေးယူပါလို့
့ပြောနေတာကို နော် ယူပါနော်"အိမ်နားကကစားကွင်းမှာတွေ့နေကျအုန်းမုန်းခွက်ကေနဲ့ ကိုကို့ ကို သူမမြင်ကတည်းကချစ်လွန်းလို့ ဘာနားနားမစ်တိုက်နေပေမယ့် ကိုကိုကထွက်ပြေးနေပါသည်။
ဟိုနေ့ကသူမသေချာပေါက် ထိုကိုကိုသောက်နေတာကိုသေချာပေါက်မြင်လိုက်တာပါ။အခုမှသူဘာလို့မကြိုက်တော့တာပါလိမ့်။
"ကိုကို...ဟီယောင်းမောလာပြီလို့!!!" "အ့"
ပြေးနေရင်းချော်လဲကျသွားတော့ကိုကိုက သူ့ဆီအပြေးလာသည်။
"နင့်ကိုငါအဲ့တာကြောင့်မပြေးနဲ့ပြောတာလေ အရူးမရဲ့"
ကိုကိုက၈နှစ်လို့သူ့ကိုပြောထားပေမယ့် ကလေးလေးတစ်ယောက်လိုပင်ချစ်ဖို့ကောင်းသည်။
ကိုကို့ကိုသူမဒန်းစီနေတာကိုမြင်ကတည်းကချစ်မိသွားတာဖြစ်
သည်။"ကိုကို...ဘာနားနားမစ်ယူနော် ဟီယောင်းကချစ်လို့ပေးတာ"
လဲကျနေတာကိုတောင်မထသေးပဲလက်ထဲကအအေးဘူးကိုကမ်းပေးလိုက်တော့ ကိုကိုကသူမဆံပင်တွေကိုဆွဲဖွပစ်လာသည်။
အအေးဘူးကိုယူပြီးသည်နှင့် ကိုကိုကသူ့ကိုဆွဲထူပေးကာဖုန်
ခါပေးသည်။ကိုကို့ရဲ့ဂရုစိုက်မှုတွေကြောင့် ဟီယောင်း နေ့တိုင်းချော်လဲပစ်ဖို့တွေးနေမိသည်။"ဟီယောင်းကနာသွားတာကိုမငိုဘူး တော်လိုက်တာ"
ကလေးတွေငိုရင်ကိုကိုကစိတ်ညစ်ပုံရသည်။ဒါပေမယ့် ဟီယောင်းမငိုဖြစ်ခဲ့ပါ။
"ကိုကို ဟီယောင်းလက်ဖဝါးကတော့နည်းနည်းနာနေတယ် အုံဖွလုပ်ပေးပါလား"
တကယ်တော့ ဟီယောင်းနာသွားပါသည်။မြေကြီးနဲ့လက်ဖဝါးနဲ့ပွတ်ဆွဲမိသွားလို့ နီရဲရဲလေးဖြစ်လို့နေသည်။
ကိုကိုကသူမလက်ဖဝါးကိုယူကာနှုတ်ခမ်းလေးနဲ့ထိပေးပြီးအုံဖွလုပ်တော့ သူမအရမ်းပျော်နေမိသည်။

YOU ARE READING
𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]
FanfictionJeon Jungkook X OC 𝖸𝗈𝗎 𝖺𝗋𝖾 𝗆𝗒 𝖾𝖺𝗋𝗍𝗁.🌏 𝖳𝗈 𝗒𝗈𝗎 𝖨'𝗆 𝗃𝗎𝗌𝗍 𝖺 star⭐