Final

10.2K 567 31
                                        

Zawgyi

"ဟီရာရှီ ပရောဂျက်အကြောင်းကျနော်ကြားပါတယ် အဖေက
တောင်းဆိုတာဆိုပေမယ့် မဖြစ်မနေကျနော်တာဝန်ယူပေးမှ
ဖြစ်မှာလား"

"ဒီပရောဂျက်အတွက်စပြီးကိုင်တွယ်ပေးတဲ့သူက ​ဂျောင်ကုရှီ
ဆိုတော့တို့ဘက်ကယူနဲ့ပဲဆက်ပြီးလုပ်ချင်လို့ပါ အဆင်မပြေ
တာများရှိလို့လား?"

ပရောဂျက်ကိစ္စအတွက်နဲ့ ဂျပန်ကနေဆိုးလ်အထိလိုက်လာ
တယ်ဆိုသည်ကတော့ တော်ရုံမဟုတ်ပေ။တာဝန်ခံလောက်ပဲ
လွှတ်ပေးရင်ရပြီလို့ပြောထားပေမယ့် သူမကိုယ်တိုင်ရောက်ချ
လာတယ်ဆိုတော့ ရိုးရိုးသားသားတော့မဟုတ်လောက်ပေ။

"အဟင်း~ အဆင်မပြေစရာတော့မရှိပါဘူးဗျာ ကျနော်က
ဟီရာကိုယ်တိုင်ဆိုးလ်ကိုရောက်လာတော့ အံ့သြနေတာ"

"ဂျောင်ကုရှီနဲ့ပူးပေါင်းရမယ်ဆိုတော့ တို့ကအဓိကမပါမဖြစ်ပဲ
မဟုတ်ဘူးလား"

သောက်လက်စဝိုင်ခွက်ကို ကိုယ့်ရဲ့ခွက်နဲ့လာတိုက်ပြီးခနဲ့တဲ့
မျက်နှာထားတဲ့ပြောသွားတဲ့ပုံစံက မသတီစရာကောင်းတာတော့အမှန်ပင်ဖြစ်သည်။

"ဒါနဲ့ ဂျောင်ကုရှီအမျိုးသမီးနဲ့ရောအဆင်ပြေရဲ့လား"

"အဲ့ဒါက ဟီရာရှီနဲ့ဆိုင်တဲ့ကိစ္စမဟုတ်ဘူးထင်တယ်နော်"

မဆိုင်တဲ့ကိစ္စတွေကိုလည်းဝင်စွက်ဖက်ချင်နေတာမို့ စကား
တွေလွန်မလာခင်အမြန်စကားစဖြတ်လိုက်ရသည်။

"အာ...ဒီလိုဆိုလည်းsorryပါ ဟီရာကဆိုင်နေမယ်ထင်လို့"

"ကျနော့်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စကိုဝင်မစွက်ဖက်ချင်ပါနဲ့"

ဘယ်လိုရေစက်ဆိုးကသူတို့ကြားမှာရှိနေမှန်းကိုမသိပါ။ကိုယ်
က အိမ်ထောင်ရှိတဲ့ယောကျာ်းတစ်ယောက်ဆိုတာသိရဲ့သါးနဲ့တောင် အနှောင့်အသွားမလွတ်တဲ့စကားတွေချည်းပြောရင်း
ကပ်တွယ်နေလိုက်တာ။

"သွားခွင့်ပြုပါဦး"

လူမှုရေးအရနှုတ်ဆက်ပြီးပြန်ထွက်လာခဲ့လိုက်သည်။

Ring~

"ဟင်.."

ဖုန်းလည်းပိတ်ထားပြီး ဘယ်ကနေစရှာရမှန်းမသိလို့ပူထူနေပေမယ့်ရုတ်တရက်ကြီးဟီယောင်းကိုယ်တိုင်ဖုန်းဆက်လာသည်မို့ ကြောင်နေမိသည်။

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now