6

5.7K 604 20
                                        

Zawgyi

"ယွန်းဟီယောင်း!!!ညည်းကိုကို့ကိုလိုက်မပို့ဘူးလား"

အန်တီလေးက အိမ်ပေါ်ထပ်ကိုလှမ်းခေါ်နေပေမယ့် တော်တော်ကြာတဲ့အထိ ဟီယောင်းကဆင်းမလာပါ။

ပုံမှန်ဆို ဒီအတိုင်းလိုက်မပို့ခိုင်းတော့ဘူးလုပ်ထားပေမယ့်
ဟိုနေ့ကကိစ္စမှာ ကိုယ့်ဘက်ကဘာကိုမလုံမလဲဖြစ်နေလဲတော့မသိ ဒီအတိုင်းဟီယောင်းအဆင်ပြေနေရဲ့လားဆိုတာကို
တော့ သိချင်နေသည်။

အခုပုံစံတိုင်းကတော့ အဆင်ပြေတဲ့ပုံလည်းမပေါ်ပေ။

"ရတယ် အန်တီ ကျနော် လေယာဉ်ချိန်လည်းစောသေးတော့
ဟီယောင်းကိုသွားနှုတ်ဆက်လိုက်ပါမယ်"

"အဲ့လိုဆိုလည်းတက်သွားလေ ဒီကောင်မလေးလည်းဘာဖြစ်နေမှန်းကိုမသိတာပါ သားရယ်"

ရောက်လက်စနဲ့ အန်တီ့ကိုပြောကာ ဟီယောင်းအခန်းထဲကိုတက်လာခဲ့တော့သည်။

ဒေါက် ဒေါက်💥

"ဟီယောင်းအာ~ ကိုကိုဝင်ခဲ့မယ်နော်"

တံခါးခေါက်ကြည့်ပေမယ့် အခန်းတံခါးကပွင့်နေတာကြောင့်
တံခါးဖွင့်ပြီးတော့ဝင်ခဲ့လိုက်သည်။

ပန်းရောင်အပြင်အဆင်တွေနဲ့တစ်ခန်းလုံးပြင်ဆင်ထားပုံက
ဟီယောင်းရဲ့ ချစ်စရာကောင်းတဲ့ပုံစံကိုပိုလို့ပေါ်လွင်စေသည်။

ဟုတ်တယ်။ဟီယောင်းက ချစ်စရာကောင်းတယ်။ပထမဦးဆုံး
တွေ့ခဲ့တဲ့အချိန်ကစလို့ အမြဲတမ်းဟီယောင်းကချစ်ဖို့ကောင်းနေခဲ့တယ်။

သူ့အနားမှာလည်း တက်တက်ကြွကြွနဲ့ပျော်နေတတ်တဲ့
ဟီယောင်းကို ညီမလေးတစ်ယောက်လိုပဲအမြဲတမ်းသဘော
ထားခဲ့တာကြောင့် သူမဘက်ကအရောင်တွေပြောင်းနေပြီဖြစ်
တဲ့အကြောင်း ဝန်ခံလာတဲ့အချိန်မှာ ပြန်တုံ့ပြန်စရာစကားရှိမနေခဲ့။

ဘေးနားမှာအကြာကြီးရှိနေခဲ့တဲ့သူမကို အခွင့်အရေးပေးရမလား။

ဂျပန်ကိုသွားခါနီးမှ ဟီယောင်းကိုမြင်လိုက်ရလို့လားမသိ စိတ်
တွေယောက်ယက်ခတ်လို့နေသည်။

"ဟီယောင်းအာ~ မထသေးဘူးလား"

"အာ...ကိုကို ဒီနေ့သွားတော့မှာပေါ့"

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now