9

5.6K 545 2
                                    

Zawgyi

"ဟီယောင်းလေး အထဲပြန်ဝင်ကြမယ်နော် အေးလာပြီ"

"ဟုတ်ကဲ့ တီတီလေး"

မေမေကဆေးရုံဆင်းဖို့ပြင်နေတာကြောင့် တီတီလေးကဟီယောင်းကိုလေညှင်းခံဖို့အပြင်ကိုခဏခေါ်လာပေးတာဖြစ်သည်။

ခါးဆစ်ရိုးနားကဒဏ်ကြောင့် လမ်းလျှောက်ဖို့တော်တော်ကြာ
ဦးမယ်ဆိုတဲ့အကြောင်း ဆရာဝန်ပြောတဲ့နေ့က ဟီယောင်း
ဝုန်းဒိုင်းကြဲမိသေးသည်။

သူကလူတွေကိုတော်တော်ဒုက္ခပေးခဲ့တာပဲ။ဟီယောင်းကြောင့်
ဖေဖေလည်းအသက်ပေးလိုက်ရပြီ။တကယ်ကို သူကမကောင်းတဲ့ကလေးပဲ။

ဂျီဟေးလည်းအရမ်းလန့်သွားတာကြောင့်ဆေးရုံတက်နေရသည်။ဟီယောင်းသူ့ရဲ့ပုံမှန်ဘဝကိုပြန်သွားဖို့ ယုံကြည်ချက်တွေမဲ့လို့နေပြီ။

"ဟီယောင်း တီတီလေးပြောတာကိုနားထောင်နော်"

"ဟုတ် ပြောပါ တီတီလေး"

"တီတီက သမီးကိုသားလေးနဲ့နေရာချထားပေးချင်တယ် အရင်တည်းကလည်းစီစဉ်ပေးချင်ခဲ့တာ"

"မဟုတ်_"

အတင်းငြင်းဖို့လုပ်နေပြန်တဲ့ဟီယောင်းစကားမဆုံးခင်မှာပဲ
ဂျောင်ကုအမေကစကားဆက်ပြောလိုက်သည်။

"မငြင်းနဲ့ကလေး သမီးကိုအခုချိန်မှာစောင့်ရှောက်ပေးမယ့်သူ
လိုတယ် သမီးချောချောလေးကို တီတီလေးဘယ်သူနဲမှစိတ်
မချဘူးဆိုတာ နားလည်ပေးမယ်မလား ဟင်?"

သူ့အရှေ့မှာထိုင်ကာ ခေါင်းကိုခပ်ဖွဖွပြောနေတဲ့တီတီလေးကို
ကြည့်ရင်း ဟီယောင်းမျက်ရည်များဝဲလာတော့သည်။

ကိုကို့ကိုချစ်တာမှန်ပေမယ့် ဒီလိုမျိုးလက်မခံချင်သေးဘူး။

"မေမေ သားခေါ်လာခဲ့မယ်လေ ဟီယောင်းကို"

ကိုကိုကရေမိုးချိုးပြီး ဆေးရုံကိုနောက်တစ်ခေါက်ပြန်လာပုံရသည်။သူ့ကြောင့်နဲ့လူတွေပင်ပန်းရတာများလှပေါ့။

ဟီယောင်းလည်းပင်ပန်းလွန်းလို့ ​ပျောက်ကွယ်ချင်နေခဲ့တာ။

.

.

.

"ကိုကိုရောသဘောတူလား?"

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now