25

5.3K 471 6
                                    

Zawgyi

ကွာရှင်းမယ်ပြောပြီးပြီးချင်း အဖေကအလုပ်ကိစ္စဖုန်းဆက်လို့
ချက်ချင်းထွက်သွားတဲ့ကိုကို။နေရက်တိုင်းညတိုင်းမှာ တွေးမိ
တိုင်းရူးမတတ်ခံစားခဲ့ရတာကတော့ ဟီယောင်းပါပဲ။

ဆွဲမထားပေးလည်းလွှတ်ပေးဖို့စဉ်းစားမိတာမို့ ခက်ခက်ခဲခဲ
ဒီစကားကိုပြောလိုက်ရတာဆိုပေမယ့် ခဏတာအံသြမှုတစ်ခု
ကလွဲရင် သာမန်ကာလျှံကာတစ်ခုလိုလစ်လျူရှူခြင်းကိုသာခံရ
ပြန်တယ်။

"ဟီယောင်း ဘာတွေလျှောက်ပြောနေတာလဲ..." တဲ့

နှုတ်ကနေတကယ်ပဲအဲ့လိုတွေဖြစ်နေခဲ့တာလားလို့မေးလိုက်ချင်ပေမယ့် အနည်းငယ်ကျန်နေသေးတဲ့မာနတစ်ချို့ကခွင့်
မပြုပြန်ဘူး။သိထားပြီးရင်လည်း ဖြေရှင်းချက်တွေထပ်မလိုချင်ပဲ တိတ်တိတ်လေးသာထွက်သွားချင်သူပါ။

ချစ်မိသူရင်ထဲက အပူမီးတွေကိုမြင်ကောင်းပါရဲ့...

.

.

.

"မေ...ဟီယောင်းသူငယ်ချင်းတွေနဲ့ခရီးသွားမလို့ဖုန်းဆက်
ပြောပြတာ"

စိတ်ရဲ့စေရာအတိုင်းဘယ်သူမှမသိတဲ့အဝေးကိုတစ်ကိုယ်တည်းပြေးထွက်သွားဖို့ကြံထားပေမယ့် မျက်နှာပျက်စရာတွေကို
တော့ရှောင်ချင်တာမို့ အသိပေးထားခဲ့မိသည်။

"အင်း...ကိုကိုကအလုပ်တွေများနေတာမို့ တူတူမလိုက်ပေး
နိုင်ဘူး"

"....."

"ဟုတ်..ဂရုစိုက်ပါ့မယ် မကြာပါဘူး ဖုန်းချလိုက်တော့မယ်
နော်မေ..ချစ်တယ်"

ဂရုစိုက်ဖို့တတွတ်တွတ်မှာနေပြန်တဲ့မေမေ့စကားတွေကြားတော့ဝမ်းနည်းရပြန်သည်။အရမ်းကြီးရုန်းကန်နေရတယ်တော့
မဟုတ်ပေမယ့် ဖေဖေမရှိတော့ကတည်းကတစ်ယောက်တည်းတည်းပဲဖြစ်နေခဲ့တာ။

ကိုယ့်ကိုအိမ်ထောင်ချပေးပြီးအတူလည်းမနေခိုင်းတာမို့ သူမ
အတွက်အချိန်တွေအများကြီးမပေးနိုင်ပေမဲ့ ကိုယ့်ကိုဂရုစိုက်
ဖို့ဘယ်တော့မှမမေ့ခဲ့ဘူး။ကိုယ်လည်းသူ စိတ်ချအောင်မနေ
ပေးနိုင်ပြန်ဘူး။

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now