Zawgyi
နှင်းဆီပန်းအချို့ကို စားပွဲပေါ်ကပန်းအိုးထဲမှာထိုးရင်း ဟီယောင်းပြုံးလိုက်မိသည်။မနေ့က သူမဘဝမှာအကောင်းဆုံး
မွေးနေ့လက်ဆောင်တစ်ခုကိုရခဲ့သည်မလား။
ကိုကိုကဟီယောင်းအကြောင်းကိုလည်းဂရုစိုက်မယ်မထင်
ထားခဲ့တာ မွေးနေ့ကိုလည်းမသိလောက်ဘူးလို့ပဲထင်ထားခဲ့
တာ။နောက်ဆုံးတော့ ဒီလိုစပရိုက်ပါတီအသေးစားလေးတစ်
ခုဖြစ်ခဲ့သည်လေ။
မယုံနိုင်လွန်းလို့ ကိုကို့ကိုငေးကြည့်ရင်းငိုနေမိတာကို အနမ်း
တွေနဲ့သက်သေပြသွားတာကိုလည်းဘယ်တော့မှမေ့နိုင်လိမ့်
မည်မဟုတ်။
ချစ်တယ်ဆိုတဲ့စကားကိုတော့မကြားရသေးပေမယ့် မျှော်လင့်
ခဲ့မိတဲ့အနေအထားလေးတစ်ခုဆီကိုရောက်နေပြီမို့ ကျေနပ်
ပါပြီလို့ဝန်ခံမရလားပဲ။
နည်းနည်းလေးထပ်ပြီးလောဘတက်နေမိတယ်ဆိုရင်တော့
ပိုမှန်မယ်ပေါ့။
"ဟီယောင်း ကိုကို့ neck tie လေးလုပ်ပေးပါဦး"
ကုမ္ပဏီသွားဖို့ပြင်နေပြီဖြစ်တဲ့ကိုကိုက တစ်ခါမှမတောင်းဆိုဖူးတဲ့ neck tie စည်းပေးတဲ့အမှုကိုတောင်းဆိုလာတော့သည်။
"အာ...ဟီယောင်းစည်းပေးရမှာလား??"
"အင်းပေါ့ ဟီယောင်းစည်းပေးတာခံချင်လို့လေ"
စားပွဲနားမှာရပ်နေတဲ့ဟီယောင်းကိုချောင်ပိတ်ကာ ကိုယ်ကိုကိုင်းပေးလာတော့သည်။ကိုကို့မျက်နှာက ဟီယောင်းမျက်နှာနဲ့
အရမ်းကိုနီးကပ်နေပြီမို့ ခြေမကိုင်မိလက်မကိုင်မိဖြစ်လာတော့သည်။
"Hmm...လုပ်ပေးဦးလေကွာ"
ရွှတ်နောက်နောက်နဲ့ဆိုလာတဲ့ကိုကိုက ဟီယောင်း neck
tie မချည်တတ်ဘူးဆိုတာမသိလေသလား။
"ဟီ.ဟီယောင်း မလုပ်တတ်ဘူး"
မျက်လုံးချင်းမဆုံဆုံအောင်လုပ်နေတဲ့ဂျောင်ကုကိုဟီယောင်းကရှောင်နေတာမို့ ဟီယောင်းရဲ့ပါးလေးနှစ်ဖက်ကို လက်ညိုး
နဲ့လက်မကိုသုံးကာဆွဲညှစ်လိုက်မိတော့သည်။
"အွီး ကိုကို%^&လုပ်နဲ့လေ"
မျက်မှောင်ကြုပ်ပစ်ကာ ပါးစပ်ကလွှတ်ပေးဖို့အော်နေတဲ့ဟီယောင်းပုံစံကချစ်ဖို့ကောင်းလွန်းလို့ ဂျောင်ကုမလွှတ်ပေးမိပေ။
YOU ARE READING
𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]
ФанфикшнJeon Jungkook X OC 𝖸𝗈𝗎 𝖺𝗋𝖾 𝗆𝗒 𝖾𝖺𝗋𝗍𝗁.🌏 𝖳𝗈 𝗒𝗈𝗎 𝖨'𝗆 𝗃𝗎𝗌𝗍 𝖺 star⭐
![𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]](https://img.wattpad.com/cover/229608859-64-k351478.jpg)