5

5.6K 556 9
                                    

Zawgyi

"ကိုကို ဟီယောင်းကိုမခေါ်ချင်ဘူးမလား"

အရှေ့မှာစက်ဘီးနင်းနေတဲ့ ကိုကို့ကိုဖက်ထားရင်းနဲ့ပဲ
ဟီယောင်းမေးလိုက်သည်။

"အခုခေါ်လာတာပဲကို မေမေ့ကိုလျှောက်ပြောမနေနဲ့ဦး
ကြားလား"

သူ့အမေဆီအတိုင်ခံရမှာတော့ ကိုကိုကသေအောင်ကြောက်
သည်။တီတီလေးက ကိုကို့ကိုရိုက်တာမျိုးမဟုတ်ပေမယ့်
ဆူတဲ့အခါကျရင်အကြာကြီးဆူတတ်တာကိုလည်း ဟီယောင်း
့်အသိဆုံးပင်။

"ကိုကိုသိလား??"

"ဟင်?"

"ဟီယောင်းက ကိုကို့သူငယ်ချင်းတွေနဲ့တွေ့ပြီးရင် ငယ်ငယ်တုန်းကလိုငိုမှာမဟုတ်ပါဘူး"

အရင်ကအကြောင်းတွေပြန်တွေးမိရင်းနဲ့ ဟီယောင်းဝမ်းနည်းလာတော့သည်။အဲ့တုန်းက ကလေးပဲရှိသေးတာတောင်
ဘယ်လောက်ထိဝမ်းနည်းခဲ့ရလည်းဆိုတာ ကိုကိုမှမသိတာ။

"ဟုတ်သားပဲ~အဲ့တုန်းက ကိုကိုလိုက်လာသေးတယ်လေ
ဟီယောင်းကအခန်းတံခါးလည်းမဖွင့်ပေးပဲ အထဲမှာငိုနေတာမလား အဆိုးလေး"

ကိုကိုစကားပြောရင်းရယ်လိုက်တဲ့အသံကို ဟီယောင်းမျက်နှာအပ်ထားတဲ့ကျောပြင်ကနေကြားနေရသည်။သဘောကျလွန်းလို့ သွားမဲ့နေရာကိုတောင်မရောက်ချင်တော့ဘူး။

"ဟီယောင်း ဘယ်လောက်ငိုရလဲဆိုတာ ကိုကိုမသိပါဘူး"

"ဟေး...ကိုကို့ကိုစိတ်မကောင်းဖြစ်အောင်မလုပ်နဲ့လေ"

စကားတွေပြောနေရင်းနဲ့ စားသောက်ဆိုင်လေးနားရောက်တော့ ကိုကိုကစက်ဘီးကိုရပ်လိုက်သည်။ဟီယောင်းလည်း
ဖြည်းဖြည်းချင်းဆင်းကာ ဘေးမှာရပ်နေလိုက်သည်။

"ဒီနားမှာခဏနေနော် ကိုကိုသူငယ်ချင်းတွေဆီခဏသွားပြီး
ပြန်လာခဲ့မယ် ပြီးမှဒီကနေညဈေးတန်းသွားကြမယ်"

"ဟုတ်"

ငြိမ်နေလိုက်တော့မှ အေးတဲ့ခံစားမှုကပိုလို့ပင်သိသာနေခဲ့သည်။မာဖလာပတ်ထားတာကိုပင် နှုတ်ခမ်းမျာကတုန်ယင်နေသည်။

"ကိုကို?"

"ဟင်?"

စက်ဘီးသော့ခတ်ပြီးအထဲဝင်ဖို့လုပ်နေတဲ့ကိုကို့ကို ဟီယောင်းလှမ်းခေါ်လိုက်သည်။

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now