Zawgyi
"ဟီယောင်း ခုနကအတွင်းရေးမှူးလီကိုလုပ်သွားတာယဉ်ကျေးမှုမရှိဘူးနော်"
"...."
ခေါင်းမြီးခြုံထားပေမဲ့ အထဲမှာလှုပ်နေတာကိုဂျောင်ကုဝင်လာ
တည်းကမြင်ပေမယ့် ပြောလိုက်တဲ့စကားကိုတော့ဟီယောင်း
ကဘာမှပြန်မဖြေပေ။"မအိပ်သေးတာသိတယ်နော် ယွန်းဟီယောင်း!!"
သူ့ကိုစိတ်ဆိုးပြီးကန့်လန့်တိုက်ချင်နေတာကိုသိပေမယ့် ရုံးရဲ့
လူကြီးတစ်ယောက်ကိုအခုလိုဆက်ဆံတာနဲ့ပက်သက်ပြီးပြော
တာကတော့ သူ့ဘက်ကလွန်မယ်မထင်။ဟီယောင်းကသူ့ကိုစိတ်ဆိုးရင် အရင်လို့အိမ်ပြန်ပြီးငိုတတ်တဲ့
ကလေးမမဟုတ်တော့ပေ ကန့်လန့်တိုက်ပြီးဂျစ်ချင်တဲ့ကောင်
မလေးဖြစ်နေပြီ။"ကိုကိုပြောတာနားထောင်လို့!!"
စောင်ကိုဆွဲဖယ်လိုက်တော့မြင်လိုက်ရသည်က ငိုထားလို့နီရဲ
နေတဲ့မျက်လုံးတွေနဲ့သူ့ကိုကြည့်နေတဲ့ ဟီယောင်း။"ကျစ် ငိုထားတာပဲ~"
သူဆွဲထူလိုက်တော့ ကိုယ်လေးကမပါချင်ပါချင်နဲ့ထလာပြီး
စကားလည်းမပြောပဲ ခေါင်းကိုသာငုံ့ထားတော့သည်။"ကိုယ် တောင်းပန်ပါတယ် မနက်ကစိတ်တွေရှုပ်နေလို့
ဟီယောင်းကိုဘာတွေပြောလိုက်မှန်းမသိတာ""...."
"ကိုကို အလုပ်ကိစ္စတွေရှုပ်နေတာဟီယောင်းသိတယ်မလားကိုယ့်ကိုနားလည်ပေးနော်"
"...."
"Hmm? ပြန်ဖြေပါဦး ဟီယောင်းရဲ့~"
"မုန်းတယ်လို့ပြောပြီးမှမနှစ်သိမ့်ပါနဲ့ ကိုကိုငယ်ငယ်တည်းက
ဟီယောင်းကိုသဘောမကျတာသိတယ်"ပြောပြီးတာနဲ့ စောင်ကိုပြန်ခြုံပြီးလှဲဖို့လုပ်နေတဲ့ဟီယောင်းကို
ဂျောင်ကုပြန်ဆွဲထားရသည်။ဒီညဟီယောင်းစိတ်ဆိုးပြေအောင်ချော့မှရမယ်။"ခြေထောက်နာသွားတယ်ဆို အာဂျီးမားပြောတယ်"
"ဘာမှမဖြစ်ဘူး စိတ်မပူလည်းရတယ်လို့!!"
YOU ARE READING
𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]
FanficJeon Jungkook X OC 𝖸𝗈𝗎 𝖺𝗋𝖾 𝗆𝗒 𝖾𝖺𝗋𝗍𝗁.🌏 𝖳𝗈 𝗒𝗈𝗎 𝖨'𝗆 𝗃𝗎𝗌𝗍 𝖺 star⭐