22

4.9K 484 26
                                        

Zawgyi

ဆေးရုံထဲကနေပြေးထွက်လာခဲ့ပြီးမှ သွားဖို့နေရာလည်းမစဉ်း
စားမိတာမို့ ဆေးရုံဝင်းထဲကပန်းခြံအသေးလေးတစ်ခုရဲ့ ခုံတန်းရှည်ပေါ်မှာပဲဝင်ထိုင်ဖြစ်သည်။

သူမအခုဘယ်လိုဆက်လုပ်ရမှာလဲ။ဒီအတိုင်းနောက်ဆုတ်ပေးလိုက်ရမလားလို့တွေးမိလိုက်ပေမယ့် တစ်ဆက်တည်းမှာပဲ
သူမကိုယ်တိုင်ကဘာလို့အဲ့လောက်တောင်ပျော့ညံ့နေရတာလဲ
ဆိုတာကိုလည်းစဉ်းစားမိသည်။

ဘာမှမသိမသလိုပဲနေပေးရမလား။ဝေးဝေးကိုလည်းပြေးထွက်သွားချင်ပေမယ့်ကိုကိုကဆွဲမထားပေးခဲ့ရင် သူမဆက်ပြေးနိုင်ပါဦးမလား။ဘယ်လောက်ထိဝေးဝေးပြေးနိုင်မှာလဲ။

တကယ်ပဲ ဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ။

လက်လျော့ပေးဖို့စဉ်းစားဖြစ်ပေမယ့် လက်မလွှတ်ပေးနိုင်ပြန်
တဲ့အခါ ကိုယ်တိုင်ကပဲနာကျင်ရပြန်သည်။ကိုယ့်ပျော်ရွှင်မှုကို
တောင်လျစ်လျူရှူနေမိတာက ပိုချစ်မိသွားတဲ့သူကကိုယ်ဖြစ်
နေတာကြောင့်မလား...

.

.

.

ဂျောင်ကုသတိပြန်ရလာပြီးတည်းက အခန်းထဲမှာဘယ်သူမှရှိမနေတာကြောင့်ဒီအတိုင်းပဲဖုန်းကြည့်နေမိသည်။အကြာကြီး
ပြန်အိပ်လိုက်လို့လားတော့မသိ အားပြန်ပြည့်နေပြီဖြစ်သည်။
ကံကောင်းစွာနဲ့ ပရောဂျက်အသစ်ကိစ္စကလည်းအဆင်ချော
သွားပေသည်။

ဒါမှ မပက်သက်သင့်တဲ့လူတွေနဲ့လည်းဆက်ပြီးမတွေ့ဖြစ်တော့မှာ။ဖေဖေကတော့ သူ့သားလေးမူးလဲသွားတဲ့အကြောင်း
ကြားပြီး အလုပ်တွေအများကြီးခိုင်းမိလေခြင်းဆိုပြီး နားရက်
တွေစွတ်ပေးနေပြန်တာ။

ဒီလိုဆို မနားရင်လည်းမကောင်းပြန်တာမို့ အားလပ်ရက်ရှည်
ကြီးမှာကောင်းကောင်းအနားယူရမယ်လေ။ဆေးရုံဆင်းလို့ရ
တာနဲ့ ကိုရီးယားကိုမြန်မြန်ပြန်ချင်လှပြီ။အလုပ်တွေဖိလုပ်ထား
ရတဲ့အကြောင်းအရင်းလေးကသူ့ကိုမျှော်နေလောက်ပြီမဟုတ်
လား..။

ဒေါက် ဒေါက်~

"ဟုတ်ကဲ့ ဝင်ခဲ့လို့ရ--ဟီယောင်း!!"

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now