Zawgyi
ကိုကိုဂျပန်ရောက်နေတာ နှစ်ပတ်ပင်ပြည့်ပြီဖြစ်သည်။စစရောက်ပြီးသုံးလေးရက်မှာအချိန်မှန်ဖုန်းခေါ်ဖြစ် video chat တွေလုပ်ဖြစ်နေပေမယ့် စကားပြောဖြစ်တဲ့အချိန်တိုင်း
ပင်ပန်းနေတဲ့ကိုကို့ပုံစံကိုမြင်နေရတာကြောင့် ကိုကို့ရဲ့နားချိန်
တွေကိုဖဲ့မယူတော့ဖို့ ဟီယောင်းဆုံးဖြတ်လိုက်သည်။
"ဒီနေ့လည်းအလုပ်တွေတအားရှုပ်တာပဲ ဒီတစ်ခေါက်ပရော
ဂျက်အသစ်အတွက်partnerတွေနဲ့ဆွေးနွေးဖို့လည်းလုပ်ရ
အုန်းမယ် ဟူး မြန်မြန်ပြန်လာချင်နေပြီကွာ~"
ကုတင်ပေါ်မှာလှဲနေရင်းlaptopထဲကကိုကို့ပုံရိပ်ကို ဘာမှ
ပြန်မပြောပဲငေးကြည့်နေမိသည်။
"မျက်လုံးကလည်းဟောက်ပတ်ဖြစ်နေပြီ ဖုန်းချလိုက်တော့
မယ်"
"ဟီယောင်းကလည်း လွမ်းနေတဲ့ဟာကိုခဏနေပါဦးလား"
အိပ်ချိန်နည်းနည်းလေးလောက်ပဲဖြစ်ဖြစ်ပိုရအောင် ပြောလက်စကိုဖြတ်ဖို့လုပ်ပေမယ့် ချစ်စရာညည်းညူသံလေးကိုကြား
ရတော့ ကိုယ်လည်းမလွန်ဆန်မိပေ။ဒီရက်ပိုင်း ကိုကို တအား
ကလေးဆန်လာသလိုပဲ။
ဟီယောင်းလည်းအရမ်းသတိရနေတာပါပဲ။ဒါပေမဲ့ တဖက်
ကပင်ပန်းနေတာတွေမြင်ရရင် အနားယူချိန်ပိုရအောင်ရှောင်
ပေးပေမဲ့ ဖုန်းချခါနီးတိုင်း အခုလိုမျိုးတွေကြုံလာရတော့
ချက်ချင်းပဲသွားပြေးတွေ့ပြီးဖက်ထားချင်နေမိတော့တာပဲ။
"မရဘူး စောစောအိပ်တော့ ဟီယောင်းလည်းနားတော့မယ်
စာမေးပွဲကသုံးရက်ကျန်သေးတယ်"
ဟီယောင်းလိုပဲကုတင်ပေါ်မှာlaptopကိုလှဲပြီးကြည့်နေပုံ
ပေါ်တဲ့ကိုကိုက ခေါင်းအုံးပေါ်မှာမျက်နှာကိုဖိထားသည်မို့
ပါးလေးတွေကနုညှစ်ထားသလိုဖြစ်ကာ နှုတ်ခမ်းလုံးလုံးလေးကအနည်းငယ်ဆူလို့နေတော့သည်။
"ဟင့်အင်း.......ခဏလေးပြောဦးမယ်ကွာ"
"တော်ပြီ ဂျွန်ဂျောင်ကုရှီ ကောင်းသောညပါ"
"နေဦး!!ခဏလေး ဟီယောင်း!!! ဟာ...ချစ်တယ်လို့!!!!"
ဖုန်းမချခင် ကြားဖြစ်အောင်ကြားလိုက်တဲ့စကားလေးကြောင့်
ဒီနေ့လည်းအိပ်မက်လှလှမက်တော့မည်ဖြစ်သည်။တစ်ကိုယ်
တည်းရေရွတ်မိတဲ့အဖြေစကားကိုတော့ ကိုကိုကကြားတော့မည်မဟုတ်ပေ။
YOU ARE READING
𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]
FanfictionJeon Jungkook X OC 𝖸𝗈𝗎 𝖺𝗋𝖾 𝗆𝗒 𝖾𝖺𝗋𝗍𝗁.🌏 𝖳𝗈 𝗒𝗈𝗎 𝖨'𝗆 𝗃𝗎𝗌𝗍 𝖺 star⭐
![𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]](https://img.wattpad.com/cover/229608859-64-k351478.jpg)