Zawgyi
ဒီနေ့ကဟီယောင်းကျောင်းပိတ်တဲ့ရက်နဲ့ ကိုကိုအလုပ်တွေအားတဲ့နေ့ဖြစ်တာကြောင့် မနေ့တည်းကဒီနေ့ကိုတူတူကုန်
ဆုံးဖို့သဘောတူထားပြီးဖြစ်သည်။
အတူနေကြတယ်ဆိုပေမယ့် တစ်နေ့လုံးတွေ့ရတဲ့နေ့ဆို
တာက ဟီယောင်းတို့ဖို့ရှားရှားပါးပါးရယ်။ဟီယောင်းကတော့
စိတ်လှုပ်ရှားပြီးနိုးနေပေမယ့် အလုပ်အားရက်သိပ်မရှိတတ်
တဲ့ ကိုကိုကတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်လို့နေသေးသည်။
"ဟီး...ကိုကိုကတအားချောတာပဲ"
နိုးသွားမှာဆိုးတာကြောင့် အသံကိုတက်နိုင်သမျှလျော့ကာ
ကိုကို့ကိုကြည့်ရင်းတစ်ယောက်တည်းစကားတွေပြောနေမိသည်။
ထို့နောက် နဖူးပေါ်ကိုကျနေတဲ့ဆံပင်တစ်ချို့ကိုလက်လေးနဲ့
အသာဖယ်ပေးမိသည်။နိုးသွားမှာဆိုးပေမယ့် ဟီယောင်းကပဲ
မနေနိုင်စွာနဲ့ ကိုကို့မျက်နှာအစိတ်အပိုင်းတစ်ခုစီကိုဖွဖွလေးထိကြည့်နေမိသည်။
ကိုကိုကတကယ့်ကို ဟီယောင်းအများကြီးသဘောကျမိတဲ့
စိတ်ကောင်းရှိတဲ့နတ်သားလေး...။
"ကလေးလေး ကိုကို့ကိုကလိရတာအဲ့လောက်တောင်သဘောကျတယ်လား~"
ဟီယောင်းအငြိမ်မနေလို့နိုးသွားပုံရတဲ့ကိုကိုက ဟီယောင်းဘာမှပြန်မပြောရသေးခင်မှာပဲ သူ့ရင်ခွင်ထဲကိုဆွဲသွင်းကာ
တင်းတင်းကြပ်ကြပ်ဖက်ထားတော့သည်။
"ဟီယောင်းကြောင့်နိုးသွားပြီ mian~"
"အာ...မဟုတ်တာ ကိုကိုအရင်ကဒီအချိန်ဆိုနိုးနေပြီပဲဟာ"
ထို့နောက် ဟီယောင်းပုခုံးပေါ်မှာခေါင်းလေးတင်ရင်း မှေးနေပြန်တဲ့ကိုကို့ကြောင့် ပြုံးမိတော့သည်။အရင်နေ့တွေက အစော
ကြီးထရတာမို့ အိပ်ရေးဘယ်ဝဦးမလဲ။
.
.
.
"ကိုကို အာဂျီးမားဘယ်သွားလဲမသိဘူး ဟီယောင်း ကိုကိုစားဖို့တစ်ခုခုလုပ်ပေးမယ်နော်"
ပုံမှန်ဆိုမနက်စာကပြင်ထားလေ့ရှိပေမယ့် ဒီနေ့တော့ဘာမှ
မရှိတာကြောင့် ကိုကိုစားဖို့တစ်ခုခုပြင်ပေးရတော့မည်။
YOU ARE READING
𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]
ФанфикшнJeon Jungkook X OC 𝖸𝗈𝗎 𝖺𝗋𝖾 𝗆𝗒 𝖾𝖺𝗋𝗍𝗁.🌏 𝖳𝗈 𝗒𝗈𝗎 𝖨'𝗆 𝗃𝗎𝗌𝗍 𝖺 star⭐
![𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]](https://img.wattpad.com/cover/229608859-64-k351478.jpg)