8

5.8K 546 14
                                        

Zawgyi

ကိုကိုထွက်သွားတာတစ်နှစ်ကျော်လို့နှစ်နှစ်ပြည့်ခါနီးပြီ။ကိုကို့
အဖေကအလုပ်တွေအရမ်းများနေတာမို့ လာလည်ချင်နေပေမယ့် အချိန်မရကြောင်းကိုမေမေ့ဆီကကြားသည်။

ပြန်လာဖို့သိပ်မကြာတော့ဘူးတဲ့။ကိုကို့အကြောင်းတွေကို တစ်ရက်မှမေ့မရပဲတွေးနေခဲ့တဲ့ဟီယောင်းကတော့အထီးကျန်လို့နေသည်။

ကိုကိုကျောင်းတက်နေရင်းကောင်မလေးများရသွားပြီလား။ဘယ်လိုဖြစ်ဖြစ် ကိုကိုကသူ့ကိုမေ့နေမှာပဲ။

မေ့နိုင်မှာပဲ။ဟီယောင်းကသာ....

အထက်တန်းပြီးတဲ့အခါ ကိုကိုနဲ့အတူဓာတ်ပုံရိုက်ဖို့စိတ်ကူးထားပေမဲ့ တကယ်တမ်းကျတော့ ကိုကိုကအနားမှာမှမရှိပဲ။
အခုတော့ တက္ကသိုလ်တောင်တက်နေပြီပဲဟာ။

အိပ်ရေးမမှန်တာကြောင့် မျက်လုံးအောက်ကညိုမဲနေပြီ။ဒီလို
ဖြစ်နေတဲ့ ဟီယောင်းကိုမြင်ရင် ကိုကိုစိတ်ပူမှာလား။

ခေါင်းနောက်ပြီး ကယောင်ခြောက်ခြားတွေဖြစ်နေလိုက်ပုံက
မနက်တိုင်းကိုကို့ကို ဟီယောင်းဘေးမှာမြင်နေမိတဲ့အထိပဲ။

မေ့ဖို့ကြိုးစားနေရင်းနဲ့ မေ့လို့မရတော့တာပါပဲ။နာနာကျင်ကျင်
နဲ့ကိုရင်ထဲထည့်ထားမိတာ။

"ဟီယောင်းအာ ငါဒီမှာ~"

ကျောင်းသွားဖို့စောင့်နေတဲ့ဂျီဟေးက လမ်းတစ်ဖက်ကလက်
လှမ်းပြလို့နေသည်။

"အော...လာပြီ"

နောက်ကျနေပြီမို့လက်ပြန်ပြကာအမြန်ပြေးသွားလိုက်သည်။
ကိုကို့စိတ်တွေနဲ့ပဲပြည့်နေတဲ့ ဟီယောင်းက တစ်ဖက်လမ်းဆီ
ကူးသွားဖို့ကိုပဲအာရုံစိုက်နေမိသည်။

ဟွန်းတီးကာ လမ်းဆုံကကွေ့လာတဲ့ဈေးကားကိုတော့သတိမထားမိပုံမပေါက်ပေ။

"ဟီယောင်းအာ!!!ရပ်လိုက် ကားလာနေတယ်!!"

ဂျီဟေးတစ်ယောက်သူငယ်ချင်းဖြစ်သူက ရုတ်တရက်ကြီးဒီဘက်ကိုပြေးလာလိမ့်မယ်လို့မထင်ထားမိပါ။

ကားကဟွန်းတီးနေသည့်တိုင် ဟီယောင်းကသူရှိရာကိုပြေးလာလို့နေသည်။

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now