1

9.5K 634 45
                                    

Zawgyi

ဒီနေ့ ဟီယောင်းမူလတန်းပထမဆုံးတက်ရမယ့်နေ့ဖြစ်သည်။
ကိုကိုနဲ့ကျောင်းမတူမှာစိုးလို့ ကျောင်းမအပ်ခင်ကမေမေ့ကိုကစားကွင်းအတင်းခေါ်ကာ ကိုကို့ကိုမေးခိုင်းရသည်။

ဘာလို့လဲဆိုတော့ သူမအတင်းမေးတာကို ကိုကိုကဖြေမှမဖြေတာ။မေမေမေးတော့ ကိုကိုကဆူပုတ်ပုတ်နဲ့ပြန်ဖြေလာသည်။

လူကြီးတွေကို ကိုကိုကြောက်တယ်ထင်သည်။ဒါပေမယ့်
ဟီယောင်းကိုတော့ ကိုကိုမကြောက်ပါ။သူမ လူကြီးဖြစ်လာရင်တော့ ကိုကိုကြောက်မှာပါ။

"ဟီယောင်း! ဘာစောင့်နေတာလဲ သမီး"

ကျောင်းထဲကိုမဝင်သေးပဲ အပေါက်ဝရပ်စောင့်နေတဲ့သူမကို
မေမေက မေးလာသည်။

"ကိုကို့ကိုစောင့်နေတာ  မေမေပြန်လို့ရပြီသိလား ဟီယောင်း
ကိုကိုနဲ့ပဲသွားလိုက်တော့မယ် ဟီး"

မေမေက သူမကိုကြည့်ရင်းရယ်နေသည်။

"မေမေ့ကိုတောင်ပြန်ခိုင်းနေပြီပေါ့"

"ဟော...ဟိုမှာကိုကိုလာပြီ"

ကိုကိုက သူ့မေမေကိုတာ့တာပြနေတာကိုမြင်တာကြောင့် ဟီယောင်းအမြန်ပြေးသွားလိုက်သည်။

"ကိုကို!!!"

ကိုကိုက သူမကိုမြင်တာလဲ မျက်နှာကိုလက်နဲ့ကွယ်ကာအမြန်
လျှောက်တော့သည်။

"ဟာ..ဘာလို့ပြေးတာလဲ"

ဟီယောင်းလည်းအမြန်ပြေးသွားလိုက်ပြီး ကိုကို့ရှေ့တွင်လက်
ဆန့်လိုက်ကာ တားပစ်လိုက်သည်။ထို့နောက်

"ကိုကို ဟီယောင်းကြက်တောင်စည်းထားတာလှလား ကိုကို့
အတွက်လေ ဟင် ဘယ်လိုနေလဲ??"

ကိုယ်ကိုတစ်ပတ်လှည့်ပြကာ မနက်ကမေမေ့ကိုစည်းခိုင်းထားရတဲ့ကြက်တောင်စည်းကိုကြွားလိုက်သည်။

"ဂျောင်ကုကီ~ရောက်နေတာကိုမဝင်ပဲဘာလုပ်နေတာလဲ"

ဆံပင်ရှည်ရှည်နဲ့ ခေါင်းထိပ်မှာဖဲပြားပန်ထားတဲ့မမက ကိုကို့
လက်ကိုဝင်ချိတ်ပစ်သည်။ဘာလို့မှန်းမသိ ဟီယောင်း ထိုမမကို မြင်မြင်ချင်းကြည့်မရပါ။

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now