10

5.5K 536 6
                                    

Zawgyi

မနက်မိုးလင်းလို့ ဘေးဘီကိုကြည့်လိုက်ပေမယ့် ကိုကို့အရိပ်
ကိုတောင်မတွေ့ရပေ။မဟုတ်လည်း သူတို့ကချစ်ကြည်နူးနေ
ကြမှာမှမဟုတ်ပဲ။

တစ်ယောက်တည်းအခက်အခဲဖြစ်မှာဆိုးလို့ အတူအိပ်ပေးတာလောက်ပါပဲ။ကိုကိုကဟီယောင်းအပေါ်မှာ ညီမလေးတစ်
ယောက်ထက်မှမပိုခဲ့ပဲကို။

ဒဏ်ရာကသိပ်မသက်သာသေးတာကြောင့်အရမ်းလှုပ်လှုပ်
ရှားရှားလုပ်ရင်ကိုက်ခဲလာတတ်သည်။ပထမဆုံးသတိရလာ
တဲ့နေ့က ဝုန်းဒိုင်းကြဲပြီးတဲ့ညမှာအသေခံခဲ့ရတာကိုမေ့မှာမ
ဟုတ်ဘူး။နာလွန်းလို့သေတော့မလားပဲ။

"အာဂျီးမား!!!ဟီယောင်းကိုလာကူပါဦး မျက်နှာသစ်ချင်လို့"

ကိုကိုမရှိရင်သူအကူအညီတောင်းဖို့က အာဂျီးမားကလွဲရင်
မရှိတာကြောင့် သူမကိုပဲခေါ်ရတော့သည်။ထို့နောက် ခြေသံ
ပြင်းပြင်းကိုကြားလိုက်ရတာကြောင့်စိတ်ပူသွားရသည်။

"ဖြည်းဖြည်းလာလို့ရတယ်နော် ဟီယောင်းစောင့်နေတယ်"

လူကြီးကဘာလို့အဲ့လောက်မြန်မြန်တက်လာရတာလဲ။မတော်
လို့ချော်လဲရင် ဒဏ်ရာရဦးမယ်။

သို့သော် တံခါးဖွင့်ပြီးဝင်လာသည်က အာဂျီးမားမဟုတ်ပဲ ကိုကိုဖြစ်လို့နေသည်။

"အဲ..အဒေါ်ကြီးလို့ထင်နေတာ"

"အင်း...ကိုကိုအားကစားလုပ်ပြီးပြန်လာတာနဲ့ကြားလို့တက်
လာလိုက်တာ"

အခုသူ့ရှေ့က ကိုကိုကအားကစားလုပ်ပြီးပြန်လာတာမို့ စွတ်ကျယ်လက်ပြတ်ဖြင့် ချွေးတွေရွှဲနေကာတော်တော်ကြည့်
ကောင်းနေသည်။

ချွေးတွေများလွန်းလို့ အင်္ကျီကနေကြွက်သားတွေကိုပါလှမ်းမြင်နေရသည်။ဒါပေမဲ့ ဘာလို့မှန်းမသိ မျက်နှာပူပူနဲ့ပင်ဆက်
ကြည့်နေမိသည်။

"ဟေး...ကိုယ့်ကိုအဲ့လိုကြီးမကြည့်နဲ့လေ"

"အဟင်း...မကြည့်ပါဘူး"

ကိုကိုကသူ့ကိုယ်လုံးကိုလက်နဲ့ကာပြီးပြောလာတော့မှ သတိပြန်ကပ်တော့သည်။ငါ အကြာကြီးကြည့်မိသွားတာလား😑

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now