24

5K 475 41
                                    

Zawgyi

"ဟီယောင်း ဘာလို့အဲ့လောက်ငြိမ်နေတာလဲ ကိုယ့်ကိုလည်း
စကားမပြောဘူးကွာ"

ဂျပန်ကနေပြန်လာတဲ့လေယာဉ်ပေါ်ကစလို့အိမ်ရောက်တဲ့အထိ ကိုယ့်ကိုစကားစလို့မပြောပဲငြိမ်လွန်းနေတဲ့ဟီယောင်းကိုစိတ်ပူလာတာကြောင့်အတင်းခေါ်ကာမေးမိတော့သည်။

သူဂျပန်ကနေပြန်လာရင်အနားမှာကပ်ပြီးချွဲနေမယ့်ဟီယောင်း
ကိုမျှော်လင့်နေခဲ့တာ။အတူတူပြန်လာဖြစ်သွားတယ်ဆိုပေမယ့်လည်း အရမ်းလွမ်းနေခဲ့တာပဲကို။ဟိုမှာလည်းလက်စသတ်
စရာတွေမပြတ်သေးလို့ သေချာမျက်နှာချင်းလည်းမဆိုင်နိုင်
လိုက်ဘူးလေ။

"ဟီယောင်း!!"

ပြန်လည်းမပြော နားလည်းမထောင်ပဲနဲ့အခန်းထဲဝင်ဖို့ပြင်နေ
တာမို့ လက်ကနေဆွဲပြီးတော့တံခါးမှာဆွဲကပ်လိုက်သည်။

"ဘာဖြစ်နေတာလဲ ဟီယောင်းလေယာဉ်စီးလာရတာပင်ပန်း
နေလို့နားချင်ပြီ"

မပြုံးမရယ်ပဲသူပင်ပန်းနေတဲ့အကြောင်းပြောလာတော့လည်း
အတင်းမေးဖို့လုပ်ထားတဲ့စကားတွေကလည်းလည်ချောင်းဝမှာတင်ပျောက်သွားရတော့သည်။

"ဟင်း~အဲ့လိုဆိုလည်းနားလေ နေလို့မကောင်းရင်လည်း
ကိုယ့်ကိုပြောဦး"

"အင်း"

အင်းတစ်လုံးသာပြန်ပြောရင်းအခန်းထဲကိုဝင်သွားပြီး စောင်
ခြုံပြီးအိပ်သွားတဲ့ဟီယောင်းကြောင့်ဂျောင်ကုကတော့ ခရီးပန်း
နေတယ်လို့သာမှတ်ယူလိုက်တော့သည်။

တစ်ခုခုကလွဲနေတယ်လို့သတိထားမိပေမယ့်ပေါ့။

.

.

.

"ဟီယောင်းလုပ်ချင်တာတွေရှိလား ကိုယ်အားရက်ရတုန်းအကုန်လုပ်ကြမယ်လေ အရင်ကလည်းကိုယ်အလုပ်တွေများနေတော့အချိန်မပေးနိုင်ဘူးလေ အဲ့တာကြောင့်အခုအကုန်လုံးလုပ်ကြမယ်လေ hmm??"

ပြန်လာတည်းကအိပ်မယ်ဆိုပြီးလုပ်ပေမယ့် တကယ်တည်းကလှဲနေရင်းနဲ့ပဲဟိုငေးဒီငေးလုပ်နေတဲ့ဟီယောင်းကြောင့်
သူပါကုတင်ပေါ်လှဲရင်းနဲ့အနောက်ကနေဖက်လိုက်တာ စိတ်
ပြေလိုပြေငြားစကားပြောလိုက်မိသည်။ဒါပေမဲ့

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now