Spoiler

4.8K 487 5
                                    

Zawgyi

မျက်စိရှေ့မှာအရိပ်ပေါင်းစုံကပြေးလွှားလို့နေသည်။ဟီယောင်းလည်းပြေးနေတာဆိုပေမယ့် သူတို့လိုအရိပ်တစ်ခုအဖြစ်နဲ့
တော့မဟုတ်ဘူး။

ဘာလို့ဒီကိုရောက်နေရတာလဲ ကြောက်လွန်းလို့ နှားနှစ်ဖက်
ကိုအုပ်ကာ အမြန်ပြေးနေမိသည်။ဘယ်တော့မှ ဒီအရိပ်တွေ
ပျောက်သွားမှာလဲ။

မောပန်းလာတဲ့ကိုယ်ဟာ မျက်လုံးကိုမှိတ်လို့ဒူးထောက်ချလိုက်သည်။

"ကိုကို ဟီယောင်းကိုမြန်မြန်လာခေါ်ပါ"

အခုချိန်မှာပထမဆုံးသတိရမိတာက ကိုကို့ကိုဖြစ်သည်။
ဟီယောင်းအရမ်းကြောက်နေပြီမို့လို့ အမြန်လာခဲ့ပါ။

"ဟီယောင်းအာ~"

အဝေးကနေပဲ့တင်သံလို ဟီယောင်းကိုခေါ်နေတာကြားရသည်။

"ဟီယောင်းအာ~"

"ဟင့် ကို_ကိုကိုလား?"

သေချာပေါက်ကိုကို့အသံဖြစ်တာကြောင့် ဟီယောင်းအားတက်သွားရသည်။

ဟီယောင်းသတိရလိုက်တိုင်းမှာ ကိုကိုကရောက်လာတာ။

မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်တော့ အရိပ်မည်းတွေက
ပျောက်လို့နေပြီး အမှောင်ထုကပတ်လည်ဝိုင်းနေသည်။

ကိုကိုကခပ်လှမ်းလှမ်းမှာရပ်နေတာမို့ ဟီယောင်းဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။

ကိုကိုကဟီယောင်းကိုလှိုက်လှိုက်လှဲလှဲပြုံးပြနေတာကြောင့်
ဟီယောင်းလည်းပြန်ပြုံးပြလိုက်သည်။

"ကိုကို...ဘာလို့နောက်ပြန်လျှောက်နေတာလဲ ချော်လဲမယ်လေ"

ဟီယောင်းက ကိုကို့ဆီလျှောက်လာလေလေ ကိုကိုကလည်း နောက်ရောက်သွားလေမို့လို့ ဟီယောင်းမနည်းလိုက်နေရသည်။

"ဟီယောင်း မောလာပြီ ကိုကိုရဲ့ ရပ်ပါတော့"

ရပ်ပါတော့လို့ပြောမှ ကိုကိုကလမ်းလျှောက်တာကိုရပ်လိုက်
သည်။ဟီယောင်းတို့ကြားကအကွာအဝေးက သိပ်မကွာတော့ဘူး။

"ကိုကို့လက်ကိုကိုင်လိုက် ဟီယောင်း"

ဟီယောင်းနဲ့နည်းနည်းလှမ်းနေတဲ့ ကိုကိုကလက်ကမ်းပေးတာကြောင့်ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now