7

5.6K 535 13
                                    

Zawgyi

"Andwee!!"

အိပ်မက်ဆိုးကနေလန့်နိုးလာတာမို့ ချွေးစေးတွေပါပြန်နေ
သည်။

"ကုကီ အဆင်ပြေရဲ့လား သား??"

ဟောဟဲလိုက်နေတဲ့သူ့ကိုမေမေကမေးလာတာကြောင့် ပြုံးပြ
ကာခေါင်းငြိမ့်ပြလိုက်သည်။

သူတို့တွေဂျပန်ကိုရောက်ရောက်ချင်းခရီးပန်းလာတာမို့ ပစ္စည်းတွေနေရာချနေရင်း ဆိုဖာပေါ်မှာအိပ်ပျော်သွားတာဖြစ်သည်။

အိပ်မက်တွေကိုလည်းထွေထွေထူးထူးယုံနေတတ်တာမဟုတ်လို့ ဒီအတိုင်းအိပ်မက်ဆိုးဟုမှတ်ကာပင် လုပ်စရာရှိသည်
များကိုဆက်လုပ်နေလိုက်သည်။

"မား...သားတို့ဒီကြားထဲမှာကိုရီးယားပြန်ဖြစ်ဦးမှာလား??"

"အယ်...ဒီကောင်လေးနှယ့် အခုမှရောက်တာကိုပြန်ချင်နေပြီ
လား"

"ဟီး..မဟုတ်ပါဘူး သားကဒီအတိုင်းပဲမေးတာပါ"

"ဖေကြီးပြောတာတော့ ရာထူးတိုးကတစ်နှစ်လောက်နေရင်
ရောက်မယ်ပြောတယ် ကြားထဲမှာသတိရရင်တော့အလည်
သွားကြမယ်လေ"

"ဟုတ်"

ဂျောင်ကု ဂျပန်ကိုရောက်တဲ့အခါအသစ်အဆန်းတွေကြောင့်
ပျော်ရမယ်လို့ထင်ခဲ့ပေမယ့် ရောက်ရောက်ချင်းပင် ကိုရီးယား
ကိုသတိရလို့နေတော့သည်။

သူငယ်ချင်းတွေနဲ့တက္ကသိုလ်ဆက်တက်ရမှာဆိုပေမယ့် တစ်
ယောက်တည်းခွဲထွက်လာရတော့တစ်မျိုးကြီးဖြစ်နေပြန်သည်။

ဘယ်လိုပဲဖြစ်ဖြစ် နေသားကျအောင်တော့ကြိုးစားရမှာပဲလေ။

.

.

.

"ကိုကို ဟီယောင်းကိုကျောပိုးပါနော်"

ကိုကိုကသူငယ်ချင်းတွေနဲ့အတူပြန်မှာဆိုပေမယ့် ဟီယောင်း
ကအော်ငိုနေတာမို့လို့ ဟီယောင်းကိုစောင့်ပေးနေတာဖြစ်သည်။

ကိုကိုက အလယ်တန်းပဲရောက်သေးတာကို လူကြီးလုပ်ချင်
နေပြန်သည်။ဟီယောင်းထမင်းအတူစားဖို့ခေါ်လည်းမလာ။
တူတူပြန်ဖို့ပြောလည်း နားမထောင်ပေ။

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now