2

6.1K 562 27
                                    

Zawgyi

ဒီနေ့ ကိုကို့မွေးနေ့ဖြစ်သည်။ကိုကိုတို့ခြဲထဲတွင် မွေးနေ့ပါတီလုပ်မည့်အကြောင်းကို တီတီလေးကအိမ်ကိုလာဖိတ်ထားသည်။ဒါကြောင့် ဟီယောင်းကတော့သေချာပေါက်သွားမည်ဖြစ်
သည်။

တကယ်တော့ တီတီလေးလာမပြောလည်း ဟီယောင်းက ကိုကို့မွေးနေ့ကိုသိတာကြောင့် surprise သွားလုပ်ရန်သွားမည်ဖြစ်သည်။

Surprise ကတော့.....💜

.

.

.

ကိုကိုမွေးနေ့မသွားခင်ဟီယောင်းမှန်ရှေ့တွင်အခေါက်ခေါက်အခါခါကြည့်နေမိသည်။ရှေ့ကြည့်လိုက် နောက်ကြည့်လိုက် တစ်ပတ်လှည့်လိုက်နှင့် လှနေတာသေချာရဲ့လား အခါခါအတည်ပြုနေမိသည်။

မွေးနေ့မှာဝတ်ဖို့အင်္ကျီကိုတော့ တီတီလာပြောပြီးနောက်နေ့
မှာပဲ မေမေနဲ့အတူ ကျောင်းကအပြန်မှာဝင်ဝယ်ခဲ့သည်။ကိုကို့အတွက် မွေးနေ့လက်ဆောင်ရောပေါ့။

ခရမ်းရောင်ဂါဝန်အောက်မှာနားဇာအနားတွန့်လေးတွေနဲ့တလက်လက်ဖြစ်နေတာလေးကိုစမြင်ကတည်းကသဘောကျတာမို့ မေမေ့ကိုဝယ်ပေးရန်ပူဆာခဲ့သည်။

ကိုကိုကြိုက်အောင်လို့ဆံပင်ရှည်အောင်စထားခဲ့တာ ပုခုံးနားခပ်ဝဲဝဲပင်ရောက်နေပြီဖြစ်သည်။ခရမ်းရောင်ဖဲပြားကြိုးလေးကိုခေါင်းမှာချည်လိုက်ပြီး မေမေကဆီကယူထားတဲ့အလက်လက်
နှုတ်ခမ်းနီလေးကိုနောက်တစ်ခေါက်ထပ်ဆိုးလိုက်သည်။

အဲ့ဒါဆို ကိုကိုကသူ့ကိုချစ်ဖို့ကောင်းတယ်လို့ပြောမယ်မလား။

ဟီယောင်းတို့အိမ်နဲ့ငါးအိမ်လောက်သာကွာတဲ့ ကိုကိုတို့အိမ်
ကိုအကြာကြီးမသွားလိုက်ရပါ။ခြဲထဲရောက့သည်နှင့် ကေလးတွေထိုင်စားဖို့ မုန့်စားစားပွဲဝိုင်းငယ်လေးတွေနဲ့ ရောင်စုံပူဖောင်းတွေကိုလည်းအလှဆင်ထားသည်။

လက်ဆောင်ထုပ်လေးကိုဝေ့ရမ်းကာ အိမ်ထဲမှာသူငယ်ချင်းတွေကိုဧည့်ခံနေလောက်ပြီဖြစ်တဲ့ ကိုကို့ဆီကိုဟီယောင်းသွားလိုက်သည်။

"ကိုကိုရေ!!ဟီယောင်းလာတယ်!!"

အိမ်ပေါက်ဝမှာ ရှူးဖိနပ်လေးကိုချွတ်ပြီးဝင်လာလိုက်တေယ့ ဧည့်ခန်းထဲမှာသူငယ်ချင်းတွေနဲ့ဆော့နေတဲ့ကိုကိုကိုတွေ့ရသည်။

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now