11

5.5K 554 12
                                        

Zawgyi

"အာဂျီးမား ဟီယောင်းရော??"

ညနေဘက်သူရုံးကပြန်လာရင်ဧည့်ခန်းမှာဖြစ်ဖြစ် အဒေါ်ကြီးနားမှာဖြစ်ဖြစ်နေတတ်တဲ့ဟီယောင်းကိုမတွေ့မိတော့ဂျောင်ကု
မေးလိုက်သည်။

"အခန်းထဲမှာထင်တယ် အစ်ကိုလေး ဒါနဲ့နေ့လည်ကဆရာဝန်လာကြည့်သွားသေးတယ်"

"ဟုတ်လား? အဆင်ပြေတယ်မလား~"

"လေ့ကျင်းခန်းတွေနည်းနည်းစလုပ်လို့ရပြီလို့ပြောတယ်
တော်တော်သက်သာနေပြီတဲ့"

ဒီရက်ပိုင်းအလုပ်ကိစ္စတွေကြောင့်ပဲဟီယောင်းနဲ့သိပ်တောင်
မဆုံဖြစ်ပါ။တစ်ယောက်နဲ့တစ်ယောက်တွေ့တော့တွေ့ဖြစ်ကြ
တယ်ဆိုပေမယ့် အိမ်ရောက်လည်းစာရင်းတွေပြန်ကြည့်နေရ
တာနဲ့ပဲ ဂရုလည်းမစိုက်မိပေ။

"အဲ့ဒါဆိုပြီးရင် ကျနော်ညစာစားဖို့ဆင်းခဲ့ပါမယ်"

ဒီလကုန် လချုပ်စာရင်းတွေပြီးရင်တော့ သူနည်းနည်းအနားရ
ပြီးမို့ ဟီယောင်းကိုဂရုစိုက်ပေးရမည်။ဒီကလေးက ပျော်ပျော်
နေတတ်တယ်ထင်ရသလောက် တစ်ယောက်တည်းဆိုရင်စိတ်မကောင်းဖြစ်တတ်တာမျိုးဆိုတာကို သူဒီကြားထဲမှာကောင်းကောင်းသိခဲ့ရသည်လေ။

.

.

.

ဆရာဝန်ကလမ်းလျှောက်နိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေစလုပ်လို့ရပြီလို့ပြောကာမှာ ဟီယောင်းတစ်ယောက်စိတ်ထဲမှာမတင်မကျဖြစ်နေတော့သည်။

အကြောင်းကတော့ဘေးနားမှာကိုကို့ကိုကူညီစေချင်တာကြောင့်ဖြစ်သည်။ကိုကိုက အလုပ်တွေများလွန်းလို့မျက်နှာလေးတွေ့ဖို့တောင်အိမ်ပြန်လာလို့မြင်ရတာကို ဟီယောင်းနဲ့အတူ
လေ့ကျင့်ခန်းလုပ်ပေးဖို့ဆိုတာ မဖြစ်နိုင်တာကြီး။

ကိုကို့နှလုံးသားကလည်းဘာတွေနဲ့ကာရံထားသလဲမသိ။
ညီမလေးတစ်ယောက်လိုလို့ပြောထားတဲ့အချိန်မှာ ဟီယောင်း
လည်းအရဲစွန့်ပြီးရှေ့ဆက်မတိုးချင်တော့။

ရပ်လက်စနေရာကနေပဲဆက်ကြည့်နေရတယ်ဆိုပါတော့။
တဇွတ်ထိုးလုပ်ချင်မိတဲ့စိတ်တွေကလည်း ကိုကိုနဲ့မှဘယ်တွေ
ရောက်ကုန်မှန်းကိုမသိတော့ပါ။

𝕀𝕟𝕗𝕚𝕟𝕚𝕥𝕖 𝕃𝕠𝕧𝕖 [Completed]Where stories live. Discover now