Ep-4

9.7K 945 12
                                    

Unicode Version

ဆက်လာသော ရက်သတ္တပတ်များအကြား ဟန်မင်းစေရာကတော့ စိတ်ကျဥ်းကြပ်မှုများဖြင့်သာ ဖြတ်သန်းခဲ့ရသည်။ ကြာလာတော့လည်း အတန်းတက်ရမည်ကိုပင် လန့်လာသည်အထိပင်။

ကျောင်းဖွင့်ရက်များဆိုလျှင် သူ့နေရာမှာ အမြဲရှိနေတတ်သောနှင်းဆီနီနှင့် စာတစ်စောင်ကြောင့် အတန်းထဲမှလူများကလည်း သူ့ကို တော်တော်အထင်လွဲနေကြလေပြီ။

ကျောင်းပိတ်ရက်များဆိုလျှင်လည်း သူ၏ဖုန်းကို တဂွမ်ဂွမ်ဆက်ကာ အနှောင့်အယှက်ပေးပြန်သည်။ သူ၏ဖုန်းနံပါတ်ကို ဘယ်ကဘယ်လိုရသွားမှန်းမသိသော်လည်း သူ့ဘက်က ဖုန်းကိုင်လိုက်ပြန်လျှင်လည်း တစ်ဖက်ကဂီတာတီးပြီး သီချင်းဆိုသံများကိုသာ ကြားနေရသည်။

ယနေ့အဖို့လည်း အဆင်သင့်ရောက်နေသော နှင်းဆီပန်းနှင့်စာကို အမှိုက်ပုံးထဲကို လွှင့်ပစ်ရပြီးသည့်နောက် တစ်နေကုန်စိတ်မကြည်လင်တော့ပေ။ မနက်ပိုင်းအတန်းချိန်အားလုံးအပြီးမှာ ဝတ္တရားမကင်းသည့်ဖွတ်ကျားမင်းလေးက သူ၏ဗိုက်ထဲကဆာလောင်မှုကိုဖြည့်တင်းဖို့ ကန်တင်းကိုထွက်လာချိန်တွင် ရန်ပွဲတစ်ခုနှင့်တိုးလေတော့သည်။

ဟန်မင်းစေရာမှာ စားသောက်ကြသည့်အချိန်မှာတောင် အေးအေးလူလူမရှိကြသော လူဆိုးတစ်သိုက်ကိုမေတ္တာပို့မိပါသည်။ သူတို့ကြောင့်တစ်ခြားလူများလည်း အစားပျက်ရသလို သူလည်းဒုက္ခရောက်ရသည်။ 

ရန်ဖြစ်နေသောစားပွဲဆီကို သူ ချဥ်းကပ်သွားလေသောအခါ သတင်းရ၍ ရောက်လာပုံပေါ်သည့်စည်းကမ်းထိန်းသိမ်းရေးမှ အခြားအဖွဲ့ဝင်တချို့ပါ အနားကပ်လာကြသည်။

ရန်ဖြစ်နေသူများကို ကြည့်လိုက်သောအခါ တစ်ဖက်ကစေတန်အဖွဲ့ဖြစ်နေလေတော့ ဟန်မင်းစေရာတို့သက်ပြင်းချရလေပြီ။

ရန်ပွဲကတော့ အလွန်တရာဆိုးဆိုးဝါးဝါးဖြစ်နေခြင်းပင်။ ခါတိုင်းဆိုလျှင် ရှိုင်းထက်ယံတို့အဖွဲ့မှာ ဤမျှပေါ်ပေါ်ထင်ထင်ရန်မဖြစ်ပေ။ သူတို့၏အန္တရာယ်ကိုတော့ သူတို့နားလည်သည်ထင့်။

သို့သော် ယနေ့မှ ဘာကြောင့်များ လူမြင်ကွင်းတွင် ဤမျှပွဲဆူစေသလဲဆိုသည်ကို ဟန်မင်းစေရာနားမလည်ချေ။

I Found My Prince Charming [Season-1]Where stories live. Discover now