Ep-31

6.6K 711 20
                                    

Unicode Version

"အ!! နာတယ်ဟ။ ထက်ယံရ... မင်းရဲ့အားကြီးနဲ့ တအားလုပ်မနေနဲ့"

"ဟမ် ညံ့တာကိုး။ ခံပေါ့"

ရှိုင်းထက်ယံနှင့်ဟန်မင်းစေရာမှာ နှစ်ယောက်တည်းUnoထိုင်ဆော့နေပြီး လေးပွဲဆော့သည့်အတွင်းတွင် လေးပွဲလုံး ရှိုင်းထက်ယံကသာ နိုင်နေသည်မို့ ဟန်မင်းစေရာမှာ မကျေမနပ်ဖြစ်လာရလေပြီ။

တစ်ပွဲရှုံးတိုင်း တစ်ခါနဖူးအတောက်ခံနေရသည်မှာ မဆိုးဝါးလှပေမယ့် ရှိုင်းထက်ယံက အားကုန်သုံး၍တောက်သောကြောင့် တစ်ခါတောက်လိုက်တိုင်း သူ့နဖူးဟာ ပူထူနေတော့သည်။

ငါးပွဲမြောက်တွင်တော့ ဟန်မင်းစေရာဟာ သူနိုင်တော့မည်ဟုထင်မိခါမှ ပြီးခါနီးတွင် ရှိုင်းထက်ယံကPlus 4ဖြင့် သတ်ချလိုက်လေရာ နှမြောစရာကောင်းစွာရှုံးနိမ့်ရပြန်သည်။

"ထပ်ပြီးငါပဲလား။ ထက်ယံ မင်းညစ်နေတာမလား။ ငါးပွဲဆက်တိုက်တောင်"

မကျေမနပ်ဖြင့် ဟန်မင်းစေရာကရေရွတ်လေတော့ ရှိုင်းထက်ယံမှာ အောင်နိုင်သူအပြုံးကို ဝင့်ကြွားစွာပြုံးလိုက်ရင်း ပြန်ပြောသည်။

"ကိုယ့်ကုသိုလ်ကံနဲ့ကိုယ်လာတာလေကွာ။ မနာလိုမဖြစ်ကြေး။  လာ လာ နဖူးလေးလှန်ထားပါဦး"

ဟန်မင်းစေရာမှာ မခံချိမခံသာဖြင့် နဖူးပေါ်ကိုကျနေသောဆံပင်စကို အပေါ်သို့သပ်တင်ပြီး အဆင်သင့်ပြင်ပေးထားရသည်။ တသ်ဆက်တည်းမှာပင် ဖောက်ခနဲ ကျယ်လောင်စွာထွက်လာသော အသံတစ်ခုနှင့်အတူ ဟန်မင်းစေရာ၏နဖူးမှာ နောက်တစ်ကြိမ်နီရဲလာရတော့သည်။

ရှိုင်းထက်ယံက ထိုအရာကိုစိုက်ကြည့်ပြီး ကျေနပ်အားရစွာဖြင့် စိတ်လိုလက်ရပြုံးလိုက်ပြီးနောက် အကြောဆန့်လိုက်သည်။

"ဆော့ရတာအားရသွားပြီ။ နားတော့မယ်"

"အဲ့လိုအနိုင်ပိုင်းပြီးထွက်သွားလို့ရမလား။ ထပ်ဆော့ရမယ်"

ရှိုင်းထက်ယံက သူ၏တားမြစ်စကားသံကို မကြားချင်ယောင်ဆောင်ကာ ကြမ်းပြင်ပေါ်တွင်ထိုင်နေရာမှ ထမည့်ဟန်ပြင်လေတော့ သူကလည်း ဘယ်ဘက်လက်ကိုဆုပ်ကိုင်ထားလိုက်ပြီး ခြိမ်းခြောက်ရသည်။

I Found My Prince Charming [Season-1]Where stories live. Discover now