Extra-1

9.3K 676 18
                                    

Unicode Version

ဟန်မင်းစေရာဟာရှိုင်းထက်ယံကိုပြောထားဖူးသလို
အနုပညာအသိုင်းအဝိုင်းမှထွက်ခွါမည်ဆိုသည့်ကိစ္စကို
အမှန်တကယ်အကောင်အထည်ဖော်ခဲ့သည်။ထိုကိစ္စဟာ
သူရနိုင်တို့၏မင်္ဂလာပွဲအပြီးတွင်အရိပ်အမြွက်မျှ
ပြောကြားထားခဲ့ပြီးရှင်းလင်းစွာပြောပြခြင်းမရှိခဲ့ပေ။

ဟန်မင်းစေရာကိုယ်တိုုင်ထိုသတင်းကိုပရိသတ်များအား
ကြေညာသည့်အခါမီဒီယာများရောပရိသတ်များကပါ
ရှော့ရခဲ့ရှာသည်။ဟန်မင်းစေရာမှာပြည်တွင်းတွင်
အတော်အသင့်နေရာရထားပြီးဖြစ်သည့်အပြင်လူငယ်များ၏ အားပေးမှုကိုအမြောက်အမြားရထားသည်ဖြစ်ရာ
ဟန်မင်းစေရာ၏သရုပ်ဆောင်လုပ်ငန်းမှထွက်ခြင်းဟာ
လူအများကိုဇဝေဇဝါဖြစ်စေသည်။

အချိန်ကြာလာသည်နှင့်အမျှဟန်မင်းစေရာအတွက်
တက်လမ်းများစွာရှိလာနိုင်သည့်အလားအလာရှိနေပါလျက်နှင့် မိသားစုစီးပွါးရေးလုပ်ငန်းကိုသာဦးစီးတော့မည်ဟု
သတင်းထွက်လာခြင်းကိုပရိသတ်အချို့ကမိသားစုတွင်း
ဖိအားများကြောင့်ဟုဆိုသလိုအချို့ကတော့ဟန်မင်းစေရာ
အိမ်ထောင်ပြုတော့မည်ဟုထင်ကြေးပေးကြသည်။

အချို့မလိုလားသူများကတော့ဟန်မင်းစေရာကို
Professionalမဆန်ဟုဝေဖန်ကြသည်။သို့သော်
ဟန်မင်းစေရာကတော့အားလုံးကိုလုံးဝဂရုမစိုက်ဘဲ
အဖေဖြစ်သူ၏လုပ်ငန်းကိုသာအာရုံစိုက်၍သင်ယူသည်။

ဟန်မင်းစေရာ၏ဖခင်မှာဟန်မင်းစေရာနှင့်ရှိုင်းထက်ယံကို
အတူတကွနေထိုင်ခွင့်ပြုထားပြီးသူတို့အတွက်လက်ဖွဲ့
သဘောမျိုးဟုဆိုကာခြံတစ်လုံးပေးလိုကြောင်းပြောခဲ့သည်။
သို့သော်ဟန်မင်းစေရာကတော့ယတိပြတ်ငြင်းလိုက်သည်။
ရှိုင်းထက်ယံကလည်းဟန်မင်းစေရာ၏ဆုံးဖြတ်ချက်ကို
သဘောတူသည်။သူတို့နှစ်ဦးလုံးမှာရှိုင်းထက်ယံ၏ကွန်ဒိုတွင်သာ အတူနေထိုင်ကြသည်။ထိုနေရာလေးဟာသူတို့
နှစ်ဦးလုံးအတွက်အဓိပ္ပါယ်ရှိလွန်းသည်မဟုတ်ပါလား။

အခုဆိုလျှင်ဟန်မင်းစေရာ၏တစ်နေ့တာမှာပို၍လူသား
ဆန်သွားပြီဟုဟန်မင်းစေရာကိုယ်တိုင်မှတ်ယူထားမိသည်။
အရင်နှစ်တွေကလုပ်ငန်းတာဝန်များကိုအမိန့်နာခံရသူ
တစ်ယောက်လိုသာလုပ်ကိုင်ခဲ့ရပေမယ့်အခုတော့
တစ်စုံတစ်ဦးအတွက်ကြိုးစားမှရမည်ဟူသောတွန်းအားကြောင့်အလုပ်ကိုပို၍ဂရုစိုက်လာမိသလိုအလုပ်ပြီး၍
အိမ်ပြန်ချိန်တွင်မီးမှိတ်အမှောင်ကျနေတတ်သည့်
အခန်းမျိုးကိုပြန်ရသည်မဟုတ်ဘဲတစ်စုံတစ်ယောက်က
သူ့အားစောင့်စားနေမည့်နေရာမျိုးကိုပြန်ရမည်ဖြစ်လေသည်။ ဤသည်ကဟန်မင်းစေရာ၏တစ်နေ့တာ
ပင်ပန်းလာသမျှကိုဖယ်ရှားပစ်စေနိုုင်သောအားအင်တစ်မျိုးပါပင်။

I Found My Prince Charming [Season-1]Where stories live. Discover now