Ep-18

7.7K 747 51
                                    

Unicode Version

တစ်လမ်းလုံး စိတ်လက်ကြည်ကြည်သာသာရှိခဲ့သမျှ ကျောင်းအရှေ့ကိုရောက်သည်နှင့် မြင်တွေ့ရသည့်မြင်ကွင်းတစ်ခု၌ ဟန်မင်းစေရာမှာ အမြင်အာရုံများပင်ကွယ်ပျောက်ချင်မိသွားသည့် ထိုခဏတာအတွက် အတော်ပင်ကြိတ်မှိတ်သည်းခံခဲ့ရသည်။

သွန်းဝတီ၏ခပ်ချွဲချွဲအမူအရာကို ဟန်မင်းစေရာမကြိုက်ပါ။ အထူးသဖြင့် သူ့လူကိုချွဲနေသည်ကို ပိုမကြိုက်လေခြင်းဖြစ်သည်။

မိနစ်အနည်းငယ်ခန့်ကြာသည်အထိ ထိုမိန်းကလေးမှာ ရှိုင်းထက်ယံအနားမှမခွါနိုင်ဘဲ ဒဏ်ရာများကိုသေချာကြည့်ကာ စိတ်မကောင်းလေဟန်ဖြင့် တဖွဖွရေရွတ်နေသည်။ ရှိုင်းထက်ယံမှာလည်း သူမအား စိတ်မကောင်းမဖြစ်ဖို့နှစ်သိမ့်နေရရှာသည်။

ငါးမိနစ်ခန့်ကြာပြီးသည့်နောက် သူရနိုင်တို့ရောက်လာသည့်အခါတွင်မူ ဟန်မင်းစေရာမှာ အထူးတလည်ဝမ်းသာသွားရသည်။ မဟုတ်လျှင်ထိုမြင်ကွင်းအား မည်မျှကြာအောင် စိတ်မပါဘဲမြင်တွေ့နေရမည်လဲမသိနိုင်ပေ။

"ကိုယ့်အတွက်တအားစိုးရိမ်မနေနဲ့။ ဒီလောက်က အသေးအဖွဲလေးပါ။ အခုအတန်းသွားတက်တော့နော်။ ကိုယ်လည်းကျောင်းထဲဝင်တော့မယ်"

သူ(မ)နှင့်ရှိုင်းထက်ယံတို့ ကျောင်းမတူသည်ကိုပင် ဟန်မင်းစေရာမှာကျေနပ်ရပါသည်။ ယခုတော့ဖြင့် သူ(မ)လည်း ရှိုင်းထက်ယံ၏စကားကို ခေါင်းညိတ်ကာသဘောတူလိုက်ပြီး လက်ပြနှုတ်ဆက်၍ထွက်သွားလေပြီ။

ဟန်မင်းစေရာတို့အားလုံးလည်း ဟန်မပျက်ပင် ကျောင်းထဲကိုဝင်လာလိုက်သည်။ အထဲကိုရောက်သောအခါ ဟန်မင်းစေရာနှင့်နိုင်းကလွဲ၍ ရုပ်ပျက်ဆင်းပျက်ဒဏ်ရာရထားသော ရှိုင်းထက်ယံတို့တစ်ဖွဲ့လုံးကို မြင်သမျှကျောင်းသားကျောင်းသူတိုင်းက သတိထားပြီးကြည့်နေကြသည်။

ဟန်မင်းစေရာနှင့်ရှိုင်းထက်ယံတို့အဖွဲ့၏ ပတ်သက်မှုကိုမသိသေးသူများကတော့ ရှိုင်းထက်ယံတို့အဖွဲ့နှင့်ဟန်မင်းစေရာမှာ ပြဿနာတက်လာကြပြီဟုထင်နေကြတော့သည်။

"ဟဲ့ ဟိုမှာပထမနှစ်ကစည်းကမ်းထိန်းသိမ်းရေးလေ။ ကြည့်ရတာပွဲကြီးပွဲကောင်းထင်တယ်"

I Found My Prince Charming [Season-1]Where stories live. Discover now