Unicode Version
အချိန်တွေဟာ ဒီရေတိုက်စားသလို မရပ်မနားပြေးလွှားနေချိန်မှာပင် ဟန်မင်းစေရာ၏အသက်ဟာ ဆယ့်ကိုးနှစ်စွန်းစွန်းသို့ ရောက်လာခဲ့ပြီဖြစ်ပြီး ရှိုင်းထက်ယံတို့မှာလည်း နောက်ဆုံးနှစ်သို့ ရောက်မှန်းမသိ ရောက်လာခဲ့သည်။
ဤသည်မှာ အချိန်အပြောင်းအလဲတစ်ခုသက်သက်မဟုတ်ခဲ့ဘဲ ဘဝ၏အချိုးအကွေ့တစ်ခုလည်း ဖြစ်လာခဲ့သည်။ အထူးသဖြင့် ရှိုင်းထက်ယံ၊ ရဲရင့်နှင့် ဟန်မင်းစေရာတို့၏ ဘဝများကို အထူးသက်ရောက်မှုရှိခဲ့သည်။
ရဲရင့်ကို သူ့အမေဖြစ်သူက သူ(မ)ရှိနေသောU.Sကို ကျောင်းပြီးလျှင်လာခဲ့ရန် အပြင်းအထန်မှာကြားနေသည်ဖြစ်ရာ မလွှဲသာမရှောင်သာသောရဲရင့်မှာ ဆန့်ကျင်နေရင်းမှ အင်အားမဲ့စွာရှုံးနိမ့်လျက်ရှိသည်။
တစ်ဖက်တွင် မိခင်ဖြစ်သူ၏တစ်ချက်လွှတ်အမိန့်ဖြစ်ပြီး တစ်ဖက်တွင်တော့ သူချစ်ရသောရှိုင်းထက်ယံဖြစ်နေသည်။ သို့သော်ငြား ရှိုင်းထက်ယံဟုရေရွတ်မိသည်နှင့် စိတ်ထဲကို အတူယှဥ်တွဲကပ်ပါလာသူက ဟန်မင်းစေရာပင်။ ထိုအချက်မှာ မိခင်ဖြစ်သူအား ဆန့်ကျင်ရာတွင် ရဲရင့်အား စိတ်ပျက်အားလျော့စေသောအရာဖြစ်လေသည်။
သူထွက်သွားရမည့်အကြောင်းကို ပြောမိတိုင်း အားလုံးက မသွားရန်သာတားသည်။ တစ်ခါတလေလည်း ဒါဟာ သူ၏အနာဂတ်သာဖြစ်ကြောင်းပြောပြီး ကိုယ်တိုင်ဆုံးဖြတ်ရန် နားချကြပြန်သည်။
သို့သော် ထိုကိစ္စထက်ပို၍ဂယက်ရိုက်စေနိုင်သော အဖြစ်အပျက်မှာ သူတို့အားလုံး၏စိတ်ကို အဆုံးစွန်ဆုံးထိခိုက်စေရန် ကြံရွယ်လာသည်။
ရှိုင်းထက်ယံ၏အဘွား ရုတ်တရက်ဆုံးပါးသွားခြင်းဟာ ရှိုင်းထက်ယံအတွက်တော့ ကမ္ဘာပျက်ကိန်းဆိုက်သည်ထက် ပို၍ဆိုးဝါးခဲ့သည်။
ရှိုင်းထက်ယံ၏ကမ္ဘာကို အားတင်းထားနိုင်စေသောအကြောင်းရင်းများထဲမှ တစ်ခုဖြစ်သောအဘွားဖြစ်သူမှာ သူ၏ကမ္ဘာကို ပြိုလဲကျမသွားအောင် ထိန်းမတ်ထားပေးသော ထောက်တိုင်တစ်ခုလို ဖြစ်တည်မှုမျိုးဖြစ်သည်။ သို့သော် ထိုထောက်တိုင်မှာ ပြိုလဲခဲ့ရလေပြီ။
YOU ARE READING
I Found My Prince Charming [Season-1]