Ep-48

9.2K 749 58
                                    

Unicode Version

ပေါ့ပေါ့ပါးပါးနိုးထလာရသော မနက်ခင်းတစ်ခုဟာ မိမိချစ်ရသူကပါ နံဘေးတွင်ရှိသည်ဟူသောအမှန်တရားကြောင့် ပို၍စိတ်ကြည်နူးဖွယ်ကောင်းလေသည်။

ငါးနှစ်တာအတွင်း ရင်တွင်း၌လေးပင်နေခဲ့သောအရာမှာ ချက်ချင်းပျောက်ကွယ်ပျက်စီးသွားရပြီး သာမန်ကျသည့်အပြုအမူလေးတစ်ခု လုပ်မိတိုင်းတွင်ပင် အလွန်အမင်းပျော်မြူးနေမိသည်။

ဟန်မင်းစေရာဟာ ညကလည်း နောက်ကျမှအိပ်ထားရသည်ဖြစ်သော်လည်း ယခုလို မနက်စောစောနိုးထလာရသည်ကိုပင် လန်းလန်းဆန်းဆန်းဖြစ်နေဆဲပင်။ ရှည်ရှည်ဝေးဝေးတွေးနေစရာမလိုဘဲ သူ့ဘေးတွင် အိပ်မောကျနေသောရှိုင်းထက်ယံမှာ တစ်နေ့တာအတွက် လိုအပ်သည့်စွမ်းအင်များအတွက် Chargerလေးပါပင်။

ရှိုင်းထက်ယံမှာ မနေ့ကခရီးပန်းထားသည့်အရှိန်အပြင် နိုင်ငံနှစ်နိုင်ငံ၏ နေ့နှင့်ညကွာခြားမှုကြောင့် ပြန်လည်ကျင့်သားမရသေးသောကြောင့် လက်ရှိမနက်၇နာရီကျော်သည်ကိုပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲပင်။

ဟန်မင်းစေရာလည်း ခေါင်းရင်းနားရှိစားပွဲပေါ်မှနာရီကို လှမ်းကြည့်လိုက်ပြီး ယနေ့အတွက်scheduleကို စစ်ကြည့်လိုက်သည်။ ဆယ်နာရီကျော်မှသာ အင်တာဗျူးတစ်ခုသို့သွားရန်ရှိသည်မို့ ယခုလောလောဆယ်တော့ဖြင့် ရှိုင်းထက်ယံ၏မျက်နှာလေးကို ငေးမောချိန်ရှိသေးသည်။

သူသည် ရှိုင်းထက်ယံရှိသည့်ဘက်သို့လှည့်ကာ ထိုမျက်နှာချောချောလေးကို အနီးကပ်လေ့လာမိသည်။ ယခုဆိုလျှင် ဟန်မင်းစေရာ၏အသက်မှာ နှစ်ဆယ့်ခြောက်နှစ်ထဲသို့ဝင်နေပြီဖြစ်သောကြောင့် ဟန်မင်းစေရာထက်သုံးနှစ်ကြီးသော ရှိုင်းထက်ယံကတော့ နှစ်ဆယ့်ကိုးနှစ်ဖြစ်ပြီး မကြာခင်တွင် သုံးဆယ်ကျော်စာရင်းထဲဝင်တော့မည်။

သို့သော်လည်း သူတို့၏ ကျောင်းသားဘဝကြည်နူးစရာတချို့၊ လွမ်းဆွတ်စရာကောင်းသော အဖြစ်အပျက်များနှင့် ကတောက်ကဆဖြစ်ခဲ့သည့် ဖြစ်ရပ်များမှာ ယခုထိတိုင် မှတ်ဉာဏ်ထဲတွင် မနေ့တစ်နေ့ကလို ရုပ်လုံးကြွကာထင်ရှားနေဆဲပင်။

I Found My Prince Charming [Season-1]Where stories live. Discover now